ချမ်းမြသာစည်မြို့နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

0
49

ချမ်းမြသာစည်မြို့နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အောင်ပင်လယ်ရပ်ကွက်၊၁၀၃လမ်းနှင့် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းပေါ်တွင် မေလ၂၅ရက် နံနက်၁၀နာရီခန့်က ရဲတပ်ကြပ်ကြီးတစ်ဦးအား အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်သွားကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“သေနတ်နဲ့ပစ်ခံရတဲ့သူက အောင်ပင်လယ်နယ်မြေရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက်ပါ။ အရပ်ဝတ်နဲ့
စခန်းအပြင်မှာ ဆိုင်ကယ်သွားပြင်ပြီး စခန်းကို ပြန်လာတုန်း သေနတ်နဲ့ပစ်ခံရတာပါ။အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိပါဘူး´´ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၃လမ်းနှင့် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းပေါ်တွင် အောင်ပင်လယ်နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီးတစ်ဦးသည် အရပ်ဝတ်ဖြင့် ဆိုင်ကယ်ပြင်ပြီး ရဲစခန်းသို့ ပြန်လာစဉ် မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းမကြီးအတိုင်း အနောက်မှ အရှေသို့ အမည်မသိ အမျိုးသား ၂ ဦး မောင်းနှင်လာသည့် CZI အမျိုးအစား ဆိုင်ကယ်ပေါ်မှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ပြီး ၄၈လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း၊ ပစ်ခံရမှုကြောင့် ရဲတပ်ကြပ်ကြီး ၏ ဝဲဘက်လက်ပြင်ဖောက်ဝင် ဒဏ်ရာ ၂ ချက်(မစိုးရိမ်ရ) တို့ ရရှိခဲ့ကာ ဆေးကုသမှုခံယူနိုင်ရန်အတွက်အမှတ်(၁) စစ်မြေပြင်ဆေးတပ်ရင်း(နန်းတွင်း) သို့ ပို့ဆောင်ပေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

မန္တလေးတွင် မေလ၂၅ရက်နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်၊တဲကုန်းကျေးရွာ၌ ကျေးရွာတာဝန်ခံတစ်ဦးအား သေနတ်ဖြင့်ပစ်သတ်မှုတစ်ခုဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here