မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်းတွင် ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး သိမ်းဆည်းရမိ

0
227

မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်းတွင် ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး သိမ်းဆည်းရမိ

ရန်ကုန်မြို့၊မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီ လဝါ)ကုန်သေတ္တာစစ်ဆေးရေးစခန်းတွင် က သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိသည့် ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီးအား မေလ ၂၄ ရက်​နေ့ကသိမ်းဆည်းရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအနေနဲ့ မော်တော်ယာဉ်၊စားသောက်ကုန်၊လူသုံးကုန်၊သစ် စတာတွေကို နိုင်ငံအတွင်း တရားမဝင်ကုန်သွယ်မှုဆောင်ရွက်နေတာတွေ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး စစ်ဆေးကြပ်မတ်နေပါတယ်။
ကုန်သွယ်လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အမိန့်၊ဥပဒေ၊လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်၊စည်းမျဉ်းစည်းကမ်းနဲ့မညီရင်တော့ ထိရောက်စွာအရေးယူသွားမှာပါ။ အခုလည်း (သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်းမှာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိတဲ့ ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈စီးကို သိမ်းဆည်းရမိခဲ့ပါတယ်´´ဟုတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် သိမ်းဆည်းရမိမော်တော်ယာဉ် ၂၈ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၁၁၀၃၈၃) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here