SNLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံယနေ့ စတင်ကျင်းပ

0
48

SNLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံယနေ့ စတင်ကျင်းပ

​တောင်ကြီး၊​မေ ၂၆
ရှမ်းအမျိုးသားဒီမိုကရေစီပါတီ(SNLD)၏ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ယနေ့ မေ ၂၆ရက်နေ့ နံနက် ၈နာရီအချိန်တွင် တောင်ကြီးမြို့၊ ဘုရားဖြူရပ်၊နယ်မြေ ၃၊ ကိုးကန့်လူမှုရေးခန်းမ၌ စတင်ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါညီလာခံကို ယနေ့မေ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်းညီလာခံမှတဆင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့် ဗဟိုကော်မတီဝင်တို့ကိုပြန်လည်ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်းသိရသည်။

SNLD ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံသို့ သံရုံးတာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပါတီ၏မိတ်ဖက် နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများကို ဖိတ်ကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here