စစ်ကိုင်းမြို့နယ်ရှိ ရေနံချက်စက်ရုံ၌ နာရီဝက်ခန့်ကြာသည့် မီးလောင်မှုဖြစ်

0
162

စစ်ကိုင်းမြို့နယ်ရှိ ရေနံချက်စက်ရုံ၌ နာရီဝက်ခန့်ကြာသည့် မီးလောင်မှုဖြစ်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ပတ္တမြားစက်မှုဇုန်ရှိ (RIT)ရေနံချက်စက်ရုံ၌ မေ ၂၆ ရက်(ယနေ့)နံ နက် ၃ နာရီ ၄၀ မိနစ်က မီးလောငိကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာ နချုပ်မှ သိရသည်။

မီးလောင်းကျွမ်းခဲ့သည့် ရေနံချက်စက်ရုံအား စစ်ကိုင်းခရိုင်မီးသတ်စခန်း၊စစ်ကိုင်းမြို့နယ်မီးသတ်စခန်း၊နီလာနယ်မြေမီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြိမ်းသတ်ခဲ့မှုကြောင့် အချိန်မီမီးထိန်းနိုင်ခဲ့ကာ နံနက် ၄ နာရီ ၁၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here