မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို ထောင်ဒဏ် ၃နှစ်ထပ်မံချမှတ်ခံရ

0
42

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို ထောင်ဒဏ် ၃နှစ်ထပ်မံချမှတ်ခံရ

ထောင်ဒဏ်နှစ်၂၀ကျော် ချမှတ်ခံထားရတဲ့ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာအောင်မိုးညိုကို မကွေးအကျဉ်းထောင် အထူးတရားရုံးက သဘာဘေးစီမံပုဒ်မနဲ့ မေလ ၂၅ ရက်မှာ နောက်ထပ် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တယ်လို့ ရှေ့နေတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကိုဗစ်ကာလအတွင်း ပွင့်ဖြူမြို့နယ်မှာပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး ပွဲကို တက်ရောက်ခဲ့တဲ့ ကိစ္စနဲ့ ပါတ်သတ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့တဲ့ အမှုကို အထက်ပါထောင်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာအောင်မိုးညိုဟာ ၂၀၂၁ ဖေဖော်ဝါရီ၁ရက်မှာ အခြားသောဝန်ကြီးချုပ်များကဲ့သို့ ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ဖေဖော်ဝါရီ ၂ရက်မှာ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာပဲ ပြန်လည်ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

အဖမ်းခံရပြီးနောက် ပုဒ်မ ၅၀၅ (ခ)၊အဂတိအမှု၊သဘောဝဘေးအမှု၊ရွေးကောက်ပွဲဆိုင်ရာအမှု စတဲ့ အမှုပေါင်း ၈မှုနဲ့ အမှုဖွင့်တရားစွဲခြင်းကို ခံခဲ့ရပြီး ၅၀၅ (ခ)နဲ့ ၂၀၂၁ ဇွန်လ ၈ရက်နေ့မှာ အလုပ်နဲ့ ထောင်ဒဏ်(၂)နှစ် ၊၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃၀ရက်မှာ ၎င်းတဦးတည်းအပေါ် စွဲထားတဲ့ အဂတိလိုက်စားမှု ၃ မှု၊ တခြားတိုင်းဝန်ကြီးတွေနဲ့ ပူးတွဲစွဲဆိုထားတဲ့ အဂတိလိုက်စားမှု ၃ မှု၊ စုစုပေါင်း ၆ မှုအတွက် တမှုကို ၃ နှစ်စီနဲ့ ထောင်ဒဏ်၁၈နှစ်၊၂၀၂၂ ဧပြီလ ၈ရက်ကလည်း ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ – ၁၇၁(စ) နဲ့ ထောင် ၁နှစ် ထပ်မံချမှတ်ခြင်းကိုခံခဲ့ရတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here