မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသည့်အမျိုး သားတစ်ဦးဓားဖြင့်ထိုးခံရပြီး ဆိုင်ကယ်လုယက်ခံရကာ သေဆုံးခဲ့

0
177

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်စီးလာသည့်အမျိုး သားတစ်ဦးဓားဖြင့်ထိုးခံရပြီး ဆိုင်ကယ်လုယက်ခံရကာ သေဆုံးခဲ့

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊စီတာပူရပ်ကွက်ရှိ ဘောလုံးကွင်းအနီးတွင် မေ ၂၆ ရက်(ယနေ့) နံနက် ၈ နာရီခွဲကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြစ်ကြီးနားမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် နောင်ရာဘောလုံးကွင်းအ နီးရှိ အမှိုက်ပုံဘေးတွင် ဆိုင်ကယ်စီးလာသည့် အ သက်(၅၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုး၍ဆိုင်ကယ်အားလုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်တွင် ဆိုင်ကယ်စီးလာသည့်အမျိုးသားသည် လည်ပင်း၌ဓားဖြင့်ထိုးထားသည့် ထိုးသွင်းဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လူတစ်ယောက်ဓားထိုးခံရတယ် သတင်းရတာနဲ့သွားပြီးကူညီပေးခဲ့ပါတယ် ဆေးရုံကိုပို့ပေးခဲ့တယ် ဆေးရုံရောက်တော့ သေဆုံးသွားပါတယ် နာမည်လည်းမသိရသလို ဘယ်မှာနေတယ်ဆိုတာလည်းမသိရသေးဘူး သူ့မိသားစုဝင်တွေနဲ့အဆက်အသွယ်ရဖို့စုံစမ်းနေပါတယ်”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား မြစ်ကြီးနားမြို့မှ တာဝန်ရှိသူများထံဆက်သွယ်အကြောင်းကြားထားကာ သေဆုံးသူ၏ မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here