ယာဥ်စည်းကမ်း​ဖောက်ဖျက်သည့်ကားမောင်းသူများ ပညာ​ပေး အ​ရေးယူမူများ လုပ်​နေ

0
111

ယာဥ်စည်းကမ်း​ဖောက်ဖျက်သည့်ကားမောင်းသူများ ပညာ​ပေး အ​ရေးယူမူများ လုပ်​နေ

ရန်ကုန်၊​မေ ၂၆

ကားပိုင်ရှင်နှင့်ကားမောင်းသူများအနေဖြင့် စည်း ကမ်းဖောက်ဖျက်မှုများရှိပါက အချိန်မီသိရှိရန် Mobile Application, Website နှင့် Online Page များ၊သတင်းစာ၊ရေဒီယို၊ TV တို့တွင်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း ကားများစည်းကမ်းတကျမောင်းနှင်ရန်၊မတော်တဆမှုများလျော့နည်းစေရန်ရည်ရွယ်၍ အသိပညာပေးမှုများအား တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။

အလားတူ ရန်ကုန်မြို့တွင်း၌ မောင်းနှင်သွားလာနေသည့် ကိုယ်ပိုင်ကားများ၊အဌားကားများနှင့်ခရီးသည်တင် YBS ကားများသည် မီးပွိုင့်များ၌ မီးနီဖြတ်မောင်းမှုများရှိ၍ မေ ၂၆ ရက်(ယနေ့)နံ နက် ၈ နာရီခွဲမှ ၁၀ နာရီခွဲအတွင်း တားဆီး၊ပညာပေး၊အရေး ယူမှုများအား ပူးပေါင်းအဖွဲ့ဝင်များကပြုလုပ်ခဲ့ကြသည်။

အောက်ကြည့်မြင်တိုင်လမ်းနှင့်ကွင်းကျောင်းလမ်းဆုံ၊အလုံလမ်းနှင့်ဗဟိုလမ်းဆုံမီးပွိုင့်၊အောက်ကြည့်မြင်တိုင်လမ်းနှင့်နှင်းဆီကုန်းလမ်းဆုံ၊အလုံလမ်းနှင့်ကမ်းနားလမ်းမီးပွိုင့်တို့၌ စောင့်ဆိုင်း၍ အလုံလမ်းနှင့်အောက်ကြည်မြင်တိုင်မီးပွိုင့်အား မီးနီဖြတ်မောင်းသည့်ကားများအား အ ရေးယူရန်ပြုလုပ်ခဲ့ကြသည်။

ထိုသို့ပြုလုပ်စဥ် နံနက် ၈ နာရီ ၄၁ မိနစ်၌ အငှားကား ၁ စီးအား အောက်ကြည့်မြင်တိုင်လမ်းနှင့်နှင်းဆီကုန်းလမ်းဆုံ၊ နံနက် ၈ နာရီ ၅၈ မိနစ်၌အငှားကား ၁ စီးအား အလုံလမ်းနှင့်ကမ်းနားလမ်း မီးပွိုင့်၊ နံနက် ၉ နာရီ ၁၁ မိနစ်၌ ကိုယ်ပိုင်ကား ၁ စီးအား အလုံလမ်းနှင့်ဗဟိုလမ်းဆုံမီးပွိုင့်တွင် အလုံလမ်းနှင့်အောက်ကြည့်မြင်တိုင်မီးပွိုင့်အား မီနီဖြတ်မောင်းမှုအား တားဆီး၊ပညာပေး၊အရေးယူခံခဲ့ရသည်။

ယခုပြုလုပ်သည့် စီမံချက်အား ရန်ကုန်မြို့တော်စည်ပင်ကော်မတီမှဦးစီး၍ ထိန်း ချုပ်၊စောင့်ကြည့်၊မှတ်တမ်းတင်ကာ မီးနီဖြတ်မောင်းသည့်စည်းကမ်းမဲ့ကားများအား မြေပြင်အဖွဲ့များထံအကြောင်းကြားခြင်း၊မြေပြင်အဖွဲ့များမှ တားဆီး၊ပညာပေး၊အရေးယူခြင်းဖြစ်သည်။

စည်းကမ်းမဲ့မောင်းနှင်သည့်ကားများ တားဆီး၊ပညာပေး၊အရေးယူမှုပြုလုပ်ခြင်းအား ရန်ကုန်မြို့တော်စည်ပင်၊အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှဝန်ထမ်းများ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းစောင့်ကြည့်၍အရေးယူခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here