ငြိမ်းချမ်းရေးအတွက်အတိတ်ကအားနည်းချက်များကိုသင်ခန်းစာယူ၍ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေးအတွက် ပြင်ဆင်ရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

0
178

ငြိမ်းချမ်းရေးအတွက်အတိတ်ကအားနည်းချက်များကိုသင်ခန်းစာယူ၍ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေးအတွက် ပြင်ဆင်ရမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အတွက် အတိတ်ကအားနည်းချက်များကို သင်ခန်းစာယူ၍ ရှေ့ဆက်ရမည့်ကောင်းမွန်သောအစီအစဥ်များဖြင့် ငြိမ်းချမ်းရေးအတွက် ပြင်ဆင်ရမည်ဟုသျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ငြိမ်းချမ်းရေးအတွက် နစက ဥက္ကဌနှင့်တွေ့ဆုံမှုသည် စမှတ်( Entry Point)ဖြစ်ပြီး၊ လက်ရှိတွေ့ဆုံပွဲမှတဆင့်ရလာဒ်ကောင်းများရရှိအောင် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး၊လက်ရှိတိုင်းပြည်၏နိုင်ငံရေးအကြပ်အတည်းကာလအတွင်း လျစ်လျူရှု မျက်ကွယ်မပြုနိုင်ခြင်းကြောင့်ဆွေးနွေးပွဲသို့တက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲမှတဆင့် Win Win Solution ရလာဒ် ရရှိအောင်ဆောင်ရွက်သွားမည်ဟုဆိုသည်။

” နိုင်ငံရေးဆွေးနွေးပွဲကျင်းပခြင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဆောင်ရွက်ရာမှာ အချိန်အလွန်ကြာတယ်ဆိုရင်မထင်မှတ်တဲ့အပြင်က အမှောင့်ပယောဂတွေဝင်လာတတ်ပြီးအထစ်အငေါ့တွေဖြစ်စေနိုင်လို့ အချိန်တိုေတာင်းပြီး ပြီးပြည့်စုံတဲ့ရလာဒ်ထွက်တဲ့နည်းလမ်းတွေကို ရှာဖွေရမှာဖြစ်ပါတယ်။ အားလုံးလက်ခံသဘောတူတဲ့ဖက်ဒရယ်မူနဲ့ ၂၀၀၈ဖွဲ့စည့်ပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်း အုပ်ချုပ်ရေးစနစ်ကိုပြုပြင်ပြောင်လဲခြင်း၊ လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲခင်းစတာတွေကို အဆင့်ဆင့်ဆောင်ရွက်သွားဖို့ ဝိုင်းဝန်းကြိုးပမ်းရမှာာဖြစ်ပါတယ်။ ပြည်ထောင်စုကြီးကိုတာဝန်ယူ တာဝန်ခံမှုနဲ့ကာကွယ်စောင့်ရှောက်ရမှာာဖြစ်ပါတယ်”ဟု ဆိုသည်။

ထိုအပြင်ငြိမ်းချမ်းရေးအတွက် ရိုးသားမှု၊ စေတနာသန့်သန့်ထားမှု၊ဗြဟ္စစိုရ်တရားလေးပါးလက်ကိုင်ထား၍ဆောင်ရွက်မည်ဆိုပါက ငြိမ်းချမ်းရေးမရနိုင်စရာ အကြောင်းမရှိကြောင်းဆိုသည်။

နစကဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်သျှမ်းပြည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ တွေ့ဆုံဆွေးနွေးရာတွင် ဖက်ဒရယ်အရေးအပါအဝင် ဒီမိုကရေစီအရေး၊ ပါတီနိုင်ငံရေး၊ အနာဂါတ်ပြည်ထောင်စုအရေး၊ လက်ရှိနိုင်ငံရေးအကြပ်အတည်းကိစ္စရပ်များနှင့် အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲများအတွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here