မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်

0
40

မြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုများပြုလုပ်ရန် ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်

မကြာသေးမီက ဘိုင်ဒင်၏ အာရှအပြန်ခရီးတွင် မြောက်ကိုရီးယားမှ ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့မှုကြောင့် အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကအား မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုအားကောင်းလာစေရေး အတွက် မဲခွဲဆုံးဖြတ်ရန် တွန်းအား​ပေးခဲ့သည်။

ဒုံးကျည်ပစ်လွှတ်မှုများအား တားမြစ်ထားသည့်ကြားမှ ပြုံးယမ်းတွင် ၎င်း၏အကြီးဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (အိုင်စီဘီအမ်) တစ်စင်း နှင့် အခြား တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ပြီးနောက်ပိုင်း မေ ၂၆ရက် ကြာသပတေးနေ့တွင် ယခုကဲ့သို့ မဲခွဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၌ တညီတညွတ်တည်း အတည်ပြုချမှတ်ခဲ့သော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၃၉၇ တွင် အိုင်စီဘီအမ် စမ်းသပ်ပစ်လွှတ်ပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များအကြောင်း ဖော်ပြထားသည်။

“အခုက ဆုံးဖြတ်ချက်အမှတ် ၂၃၉၇ ပါဝင်တဲ့ ပြဋ္ဌာန်းချက်အတိုင်း အတိအကျ ဖြစ်သွားခဲ့တဲ့အတွက်ကြောင့် အရေးယူရမဲ့ အချိန်ရောက်ပြီလို့ ကျွန်တော်တို့ ယူဆပါတယ်လို့” အမည်မဖော်လိုသည့် အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ​ပြောကြားသည်။

အမေရိကန်၏ ဆုံးဖြတ်ချက်မူကြမ်းသည် ဆေးလိပ်၊ ရေနံစိမ်းနှင့် လောင်စာဆီ တင်ပို့မှုကို ပစ်မှတ်ထားပြီး ခရုဇ်ဒုံးကျည်များ သို့မဟုတ် နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သည့် မည်သည့် ပို့ဆောင်ရေးစနစ်ကိုမဆို တားမြစ်ပိတ်ပင်ခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို အကောင်အထည်ဖော်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။

သို့သော် ကောင်စီတွင် ဗီတိုအာဏာရ တရုတ်နိုင်ငံက ယင်းသို့အရေးယူမှုများသည် ပြသနာများကို​ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကို ခံ​နေခဲ့ရခြင်းဖြစ်သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here