ကချင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်းနေ အိမ်ချိတ်ပိတ်ခံရ

0
167

ကချင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဟောင်းနေ အိမ်ချိတ်ပိတ်ခံရ

ကချင်ပြည်နယ် လွှတ်တော်ဒု-ဥက္ကဋ္ဌဟောင်းဦးခန်လင်နေအိမ်အား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက မေ ၂၅ ရက်နေ့လည် ၃ နာရီကျော်ခန့်က လာရောက်ချိတ်ပိတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌဟောင်းဦးခန်လင်၏ နေအိမ်သည် ပူတာအိုမြို့၊လုံစွတ်ရပ်ကွက်တွင်ရှိကာ နေအိမ်၌နေထိုင်သူများမရှိဘဲ ပိတ်ထားသည်မှာ ၁ နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

“ဦးခန်လင်နဲ့သူ့မိသားစုဝင်တွေက အိမ်မှာမနေတော့တာကြာပြီ မနေ့ကတော့ စစ်သားတွေ ရဲတွေ ထွေအုပ်ကလူတွေနဲ့ရပ်ကွက်လူကြီးတွေအများကြီးရောက်လာပြီး အိမ်ကိုချိတ်ပိတ်သွားတာပဲ” ဟုဒေသခံတစ်ဦးကပြောသည်။

ပြည်နယ်လွှတ်တော်ဒု-ဥက္ကဋ္ဌဟောင်းဦးခန်လင်၏ နေအိမ်အား ချိတ်ပိတ်ရခြင်းမှာ နစက မှအကြမ်း ဖက်အဖွဲ့အဖြစ်သတ်မှတ်ထားသည့် အဖွဲ့များနှင့်ဆက်စပ်ပတ်သက်နေသဖြင့် နေအိမ်အားနိုင်ငံ တော်ပိုင်သိမ်းဆည်းခြင်းဖြစ်ကြောင်း ချိတ်ပိတ်ကြောင်းကပ်ထားသည့် ဗီနိုင်း၌ရေးသားထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here