ပစိဖိတ်ဒေသနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန် နောက်ထပ်စစ်အေးတိုက်ပွဲများ ဖြစ်ပေါ်နိုင်

0
168

ပစိဖိတ်ဒေသနှင့်ပတ်သက်ပြီး တရုတ်နှင့် အမေရိကန် နောက်ထပ်စစ်အေးတိုက်ပွဲများ ဖြစ်ပေါ်နိုင်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ ၏ ယခုတစ်ပတ် ပစိဖိတ်ဒေသတွင်းခရီးစဉ်တွင် ပစိဖိတ်နိုင်ငံ ၁၀ နိုင်ငံ နှင့် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီချက်ကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဝမ်သည် ဆော်လမွန်ကျွန်းသို့ လေယာဉ်ဖြင့် ကြာသပတေးနေ့ ယနေ့တွင် ရောက်ရှိမည်ဖြစ်ပြီး ကီရီဘာတီ၊ ဆာမိုအာ၊ ဖီဂျီ၊ တွန်ဂါ၊ ဗာနူအာတူ၊ ပါပူဝါနယူးဂီနီနှင့် အရှေ့တီမောတို့ကို သွားရောက်မည့်ခရီးစဉ်ကို စတင်မည်ဖြစ်သည်။ မေလ ၂၆ ရက်မှ ဇွန်လ ၄ ရက်အထိ ၁၀ ရက်ကြာမည့်ခရီးစဥ်ဖြစ်သည် ။

အဆိုပါခရီးစဉ်အတွင်း ဝမ်သည် ဖီဂျီ၌ ပြုလုပ်မည့် ဒုတိယအကြိမ် တရုတ်-ပစိဖိတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်​ရောက်မည်ဖြစ်သည်။

ထိုအစည်း​ဝေးတွင် တရုတ်-ပစိဖိတ်ကျွန်းများအတွင်း လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး၊ ရဲတပ်ဖွဲ့လေ့ကျင်ရေး နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အစီအစဉ်များ အပြင် ဒေတာကွန်ရက်များ၊ ဆိုင်ဘာလုံခြုံရေးနှင့် စမတ်အကောက်ခွန်များ ပူးတွဲလုပ်ဆောင်မည့် အစီအစဉ်များပါဝင်​ဆွေး​နွေးပြီး ​ကြေငြာချက်ထုတ်မည်ဟု​ယူဆရသည်။

နောက်ဆုံးအချက်သည် တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး အား ပစိဖိတ်ဈေးကွက်အတွင်း5G ကွန်ယက်များ တည်ဆောက်နိုင်ရန်အတွက် ခွင့်ပြုပေးလိမ့်မည်ဖြစ်သည်။

ဟွာဝေးအား အ​နောက်နိုက်ငံများက ပစိဖိတ်​ဒေသတွင်း ​ရေငုပ် သင်္ဘောကြိုးများ နှင့်မိုဘိုင်းကွန်ယက်ချိတ်ဆက်ခြင်းများကို ပိတ်ပင်၍ဆန်ရှင်လုပ်ထားသည်။

အဆိုပါ အစီအစဉ်မူကြမ်းသည် အမေရိကန်၏ မဟာမိတ်ဖြစ်သည့် မိုက်ခရိုနီးရှား ဖက်ဒရယ် နိုင်ငံအား ထိတ်လန့်စေခဲ့သည်။

မိုက်ခရိုနီးရှား သမ္မတ ဒေးဗစ် ပန်နျူလိုသည် ဒေသအတွင်းရှိ နိုင်ငံ့ခေါင်းဆောင်များအား တရုတ်က ဩဇာလွှမ်းမိုးလာနိုင်မည့် အဆိုပါ ပူးတွဲကြေညာချက်များကို လက်ခံသဘောတူခြင်းမပြုရန် တိုက်တွန်းထားသည်။

ဒေးဗစ်က ၎င်းပူးတွဲကြေညာချက်သည် ပစိဖိတ်ဒေသအတွင်း တင်းမာမှုများကို ဖြစ်ပေါ်စေနိုင်ပြီး တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံကြား နောက်ထပ် စစ်အေးတိုက်ပွဲများကိုပါ ဖြစ်ပေါ်လာစေနိုင်သည်ဟု သတိပေးထားသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here