အပူလိုင်းနှင့်ရေပြတ်လပ်မှုတို့ကြောင့် ပါကစ္စတန်၏သရက်သီးထွက်နှုန်းထက်ဝက်ခန့်ကျဆင်း

0
101

အပူလိုင်းနှင့်ရေပြတ်လပ်မှုတို့ကြောင့် ပါကစ္စတန်၏သရက်သီးထွက်နှုန်းထက်ဝက်ခန့်ကျဆင်း

ကာရာချီ၊မေ ၂၆
ယခုနှစ်အတွက် ပါကစ္စတန်နိုင်ငံ၏ အပူချိန်မြင့်တက်လာမှုနှင့်ရေပြတ်လပ်မှုတို့ကြောင့် သရက်သီးအထွက်နှုန်းထက်ဝက်ခန့်ကျဆင်းနိုင်သည်ဟု စိုက်ပျိုးရောင်းချသူများအသင်းဥက္ကဌကဆိုသည်။

ပါကစ္စတန်နိုင်ငံသည် ယခုလအတွင်းဆိုရွားသောအပူဒဏ်ကိုခံစားခဲ့ရပြီး နိုင်ငံ၏တောင်ပိုင်းတွင် ၅၀ ဒီဂရီဆဲလ်စီးယက်စ် အထိအပူချိန်မြင့်တက်ခဲ့သည်။တောင်အာရှနိုင်ငံများသည် ယခုနှစ်တွင် ဆောင်းရာသီမှနွေသို့ ခုန်ကူးသွားကာ နွေဦးရာသီမရှိတော့ကြောင်း မိုးလေဝသဌာနကထုတ်ပြန်ထားသည်။

ပါကစ္စတန်နိုင်ငံ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ရောင်းချသူများအသင်း ဥက္ကဌ ဖြစ်သူ Waheed Ahmed က “မတ်လမှာ အပူချိန်က ၂၈၊၂၉ ဒီဂရီဖြစ်လာပြီး အသီးအနှံတွေအတော်ပျက်ဆီးခဲ့ပါတယ်။ဒီ့နောက် ရုတ်တရက်ဆိုသလိုပဲ ၄၂ ဒီဂရီအထိမြင့်တက်သွားပြန်​ရော။သရက်ပွင့်တဲ့အချိန်မှာအပူရှိန်ကအတော်ပြင်းတော့ အထွက်နှုန်းကိုလျော့စေတာ​ပေါ့။ နောက်ဆက်တွဲအနေနဲ့ အသီး ပို့ဖို့ ၅၀ ရာခိုင်နှုန်းလောက်အထိ‌ကျသွားနိုင်တယ်”ဟုဆိုခဲ့သည်။

အဆမတန်မြင့်တက်လာသောအပူချိန်ကြောင့် အသီးများမှည့်‌‌ရော်(ပုပ်)သွားစေသလို အချိန်မဟုတ်အပူချိန်မြင့်တက်မှု​ကြောင့် ရေပြတ်လပ်မှုကပါ ထပ်လောင်းအားဖြည့်လိုက်သောအခါ သီးနှံများတွင်ဆိုးကျိုးများသက်​ရောက်ကုန်သည်။

“မပုပ်တဲ့အသီးတွေကြီးထွားဖို့ကလည်း ရေရဖို့လိုအပ်တယ်”ဟု Sindh ဒေသရှိ စိုက်ပျိုးရေးကန်ထရိုက်တာ Gul Hassan ကဆိုသည်။အဆိုပါ Sindh ဒေသတွင် ရေရှားပါးနေခဲ့သည်မှာကြာပြီဖြစ်သော်လည်း ယခုတစ်ကြိမ်သည်နှစ်ပေါင်း ၆၀ အတွင်းအဆိုးရွားဆုံးဖြစ်သည်။

ပါကစ္စတန်နိုင်ငံသည် အိန္ဒိယ၊တရုတ်၊ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများပြီးလျှင် ပဉ္စမမြောက်သရက်သီး ထွက်နှုန်းအများဆုံးနိုင်ငံဖြစ်သည်ဟုလည်း Ahmed ကဆိုသည်။

ပါကစ္စတန်နိုင်ငံ၏ ပျမ်းမျှသရက်သီးထွက်နှုန်းသည်တစ်နှစ်လျှင် တန်ချိန် သန်းပေါင်း ၁ ဒသမ ၈ တန်ခန့်ရှိပြီး ယခုနှစ်တွင်ထက်ဝက်ခန့်ကျဆင်းနိုင်သည်ဟုခန့်မှန်းထားသည်။

Source – CNA


LEAVE A REPLY

Please enter your comment!
Please enter your name here