ပထမဆုံးစတင်ကျောင်အပ်နှံသည့်နေ့တွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ကျောင်းသူ ၁၆ သိန်းကျော်ရှိခဲ့

0
111

ပထမဆုံးစတင်ကျောင်အပ်နှံသည့်နေ့တွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ကျောင်းသူ ၁၆ သိန်းကျော်ရှိခဲ့

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများအား မေ ၂၆ ရက်ကစတင်ခဲ့ရာ ကျောင်းအပ်နှံရေးသတင်းပတ် ၏ ပထမနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ကျောင်းသူ ၁၆၁၁၀၅၁ ဦးရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ကျောင်းသား၊ကျောင်းသူများသည် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ကိုယ်ပိုင်ကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ကျောင်းအပ်လက်ခံရာတွင် ကျောင်းအုပ်ကြီးများ၊ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့်ဆ ရာ၊ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့်ကျောင်းသား၊ကျောင်း သူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရန် ဆောင်ရွက်ပေးကြသည်။

ထို့ပြင် ကျောင်းသား၊ကျောင်းသူများအား ပညာ ရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သည့် စာရေးကိရိယာများနှင့်ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်းထောက်ပံ့ပေးခဲ့ကြသည်။

တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊တိုင်းစစ်ဌာန ချုပ်တိုင်းမှူးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူ ကျောင်းများ၊ဆရာ၊ဆရာမများကျောင်းသား၊ကျောင်းသူများနှင့်မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများမှပြုလုပ်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here