စစ်မှုထမ်းဟောင်းများ၊မိသားစုဝင်များအတွက် အသက်အရွယ်အလိုက်လုပ်ကိုင်နိုင်မည့်လုပ်ငန်းများရင်းနှီးမြှုပ်နှံနိုင်ရန် ဆောင်ရွက်ပေးရမည်

0
508

စစ်မှုထမ်းဟောင်းများ၊မိသားစုဝင်များအတွက် အသက်အရွယ်အလိုက်လုပ်ကိုင်နိုင်မည့်လုပ်ငန်းများရင်းနှီးမြှုပ်နှံနိုင်ရန် ဆောင်ရွက်ပေးရမည်

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ(လေး ထောင့်ကန်)တည်ဆောက်နေမှု အခြေအနေများအား မေ ၂၆ ရက်က နစက ဥက္ကဋ္ဌသွားရောက်ကြည့်ရှုစဥ်မှာကြားခဲ့ခြင်းဖြစ်သည်။

အိမ်ရာအတွင်း၌ပြီးစီးပြီးဖြစ်သည့် အခန်းများတွင် စစ်မှုထမ်းဟောင်းများနှင့်မိသားစုဝင်များ ရောက်ရှိနေထိုင်လျက်ရှိပြီဖြစ်ကာ ကျန်ရှိသူများအားလုံးရောက်ရှိနေထိုင်နိုင်ရေးအား ဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် စစ်မှုထမ်းဟောင်းအိမ်ရာ(လေးထောင့်ကန်)အား မြို့ပြစီမံကိန်းအသွင်ဆောင်ရွက်နေခြင်းဖြစ်၍ မိသားစုဝင်များ၏ပညာရည်မြှင့်တင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးရမည်ဖြစ်ကာ စီမံကိန်းအတွင်း စိုက်ပျိုးမွေးမြူရေးအခြေခံသည့်လုပ်ငန်းများ၊အသက်မွေးဝမ်းကျောင်းသင် တန်းနှင့်အလုပ်အကိုင်များ၊စက်မှုအထက်တန်း ကျောင်း၊စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းများ ဖွင့်လှစ်ရန်ရည်မှန်းဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

“ပညာရည်မြှင့်တင်ရေးလုပ်ငန်းတွေကို အလေး ထားဆောင်ရွက်ပေးဖို့လိုသလို အိမ်ရာမှာနေတဲ့သူတွေကို လူနေမှုအဆင့်မြှင့်တင်နိုင်ဖို့အတွက် စနစ်ကျနတဲ့ အဆင့်မီ Shopping Mall တစ်ခုကိုလည်း ဆောင်ရွက်ပေးရမှာဖြစ်ပါတယ် နောက်ပြီး အိမ် ရာအတွင်းမှာနေတဲ့ စစ်မှုထမ်းဟောင်းတွေ မိသား စုဝင်တွေအတွက် အသက်အရွယ်အလိုက် လုပ် ကိုင်နိုင်မယ့်လုပ်ငန်းတွေ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ဖို့ကို ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

အလားတူ စီမံကိန်းဧရိယာအတွင်း မွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့် စားကျက်မြေများဖြစ်ပေါ်လာစေရန် ကြိုတင်ပြင်ဆင်ခြင်းလုပ် ငန်းများအား ဆောင်ရွက်ထားရန်လိုကာ နေရာအ ကျယ်အဝန်းများစွာမယူသည့် ခေတ်မီမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ကြရမည်ဟု နစက ဥက္ကဋ္ဌကပြောဆိုမှာကြားခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် စစ်မှုထမ်းဟောင်းအိမ် ရာ(လေးထောင့်ကန်)၌ နေထိုင်လျက်ရှိသည့် စစ်မှု ထမ်းဟောင်းများနှင့်မိသားစုဝင်များအား လိုက် လံနှုတ်ဆက်၍ အိမ်ရာတည်ဆောက်ရေးစီမံကိန်းအတွင်းလှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။

မြန်မာ့သားကောင်းစစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်)အား ၂၀၁၇ ခုနှစ်တွင် တပ်မ တော်မှအငြိမ်းစားယူပြီး ရန်ကုန်မြို့၌အခြေချနေထိုင်လိုသူများအတွက် စစ်မှုထမ်းဟောင်းမြို့အဖြစ်ရည်ရွယ်၍ မြို့ပြစီမံကိန်းအသွင်တည် ဆောက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here