ထိုင်းနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားများစိတ်ကျန်းမာရေးဆိုင်ရာပြဿနာများခံစားနေရ
ဘန်ကောက်၊ မေ ၂၄
ထိုင်းနိုင်ငံအတွင်းရှိ အကျဉ်းထောင်ပေါင်း ၁၄၃ ခုတွင် အကျဉ်းသားပေါင်း ၂၆၀,၀၀၀ ရှိပြီး ၎င်းတို့အနက် လူပေါင်း ၅,၀၀၀ ခန့်သည် စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများခံစားနေရကြောင်း သိရှိရသည်။
စိတ်ရောဂါကုဆရာဝန်များ၏ အစီရင်ခံဖော်ပြချက်များအရ မူးယစ်ဆေးဝါးအမှုနှင့်သက်ဆိုင်သော အကျဉ်းသားများတွင် စိုးရိမ်မှု၊စိတ်ကျရောဂါစသည့် စိတ်ကျန်းမာရေးပြဿနာများရှိနေကြကြောင်း သိရှိရသည်။အများစု မှာအဖမ်းမခံရမှီထဲကပင် စိတ်ဝေဒနာ ရှိသူများဖြစ်ပြီးအချို့မှာ ထောင်ကျပြီးနောက်ပိုင်း စိတ်ဝေဒနာ ပိုဆိုးလာခြင်းဖြစ်သည်။
အကျဉ်းသားများ၏ စိတ်ကျန်းမာရေးပြဿနာဆိုင်ရာ လက္ခဏာများမပြင်းထန်ပါက စိတ်ကုဆရာဝန်များမှ အချုပ်ခန်းတွင်ပင် ကုသပေးပြီး၊ပြင်းထန်လက္ခဏာများ ပြသလာပါက ဆေးရုံသို့ပို့ဆောင်ကုသပေးသည် ဟုဖော်ပြထားသည်။
ထိုင်းနိုင်ငံရှိ အကျဉ်းထောင်ကြီး ၁၀ ခုအတွက်တာဝန်ထမ်းဆောင်နေသူ စိတ်ရောဂါကုဆရာဝန် ၃၁ ယောက်သာရှိသည်။ အကျဉ်းထောင်ဆရာဝန်များအပြင် ဆေးဘက်ဆိုင်ရာပြုပြင်ရေးအဖွဲ့အစည်း၊ Suan Prung ဆေးရုံ၊ပြည်နယ်ဆေးရုံများ၊ဆရာဝန်များနှင့်ကုထုံးပညာရှင်များမှလည်း အကျဉ်းသားများအား ကုသမှုပေးလျက်ရှိသည်။
Source – Bangkok Post