ယခုနှစ်မိုးတွင်းရေကြီးမူမည်မျှလျော့နိုင်မည်လဲ
မိုးတွင်း ရေကြီးရေလျံမူ လျော့နည်းစေရန် မြန်မာ့ဂုဏ်ရောင်လမ်းရှိ နတ်ချောင်းရေထိန်းတံခါးအား ယခုနှစ် ဧပြီ ၅ ရက်နေ့ကတပ်ဆင်ထားပြီးဖြစ်သည်။
ထိုတံခါးမတပ်မှီ Flood Control Pump ပန့် ကို ၂၀၂၁ ခု နှစ် ဇွန် ၂၃ ထဲကတပ်ဆင်ခြင်းတို့ကို လုပ်ဆောင်ထား သည်။
အဆိုပါ နတ်ချောင်းရေထိန်းတံခါးတွင် ရေထိန်းတံခါး (၃) ပေါက် တပ်ဆင်ထားပြီး ဒီရေတက်ချိန်နှင့် မိုးသည်းထန်စွာရွာသွန်းချိန်တွင် ချောင်းတစ်လျှောက်ရပ်ကွက်များ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ရေထိန်းတံခါးပိတ်၍ ရေစုပ်ထုတ်နိုင်ရန်လုပ်ဆောင်ထားသည်။
ရေစုပ်ရာ၌ ၁၂ လက်မပိုက်ဖြင့် တစ်နာရီလျှင် ရေဂါလံ ၁၉၀,၀၀၀ ထိ စုပ်ထုတ်နိုင်သည့် 40 kW 60 HP ၊ရေလျှံမူထိမ်းသည့်ပန့် Flood Control Pump ကိုကြိုတင်တပ်ဆင်ထားပြီးဖြစ်သည်ဟု စည်ပင် ရေစီးရေလာဌာနခွဲကပြောပြသည်။
ရန်ကုန်မြို့ရှိမြောင်းများတွင် မြောင်းချေး နှင့်အမိူက်များ ဆယ်ယူခြင်းကို နွေကာလထဲက လုပ်ဆောင်လာပြီး ယခု မိုးဦးကာလတွင်လည်း အချို့နေရာများအား စက်ယန္တယား ဖြင့်ပါ သန့်ရှင်းရေးလုပ်နေသဖြင့် ရေကြီး၊ရေလျံမူသက်သာ မည်လား စောင့်ကြည့်ရမည်ဖြစ်သည်။
မြို့တော်နေလူထုကလည်း အမိူက်များ စနစ်တကျ စွန့်ပစ်ခြင်းဖြင့် မြို့တော်သန့်ရှင်းမူတွင် ဝိုင်းဝန်း ပါဝင်ကြရမည်ဖြစ်သည်။