ကျန်းမာ​ရေးကဏ္ဍတွင် တိုးတက်​အောင်မြင်မှုများအတွက် မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူအား Forbes မဂ္ဂဇင်းမှ အသိအမှတ်ပြု

0
207
ကျန်းမာ​ရေးကဏ္ဍတွင် တိုးတက်​အောင်မြင်မှုများအတွက် မြန်မာအမျိုးသမီး စွန့်ဦးတီထွင်သူအား Forbes မဂ္ဂဇင်းမှ အသိအမှတ်ပြု
အ​မေရိကန်အ​ခြေစိုက်စီးပွား​ရေး မဂ္ဂဇင်းကြီးဖြစ်သည့် Forbes က ​၂၀၂၂ အတွက် အာရှတစ်ဝှမ်း အသက် ၃၀ ​အောက် ထူးချွန်သူ အ​ယောက် ၃၀ တွင် ကျန်းမာ​ရေးနှင့် သိပ္ပံပညာ ကဏ္ဍအတွက် ဒေါက်တာခိုင်ပွင့်နွယ်အား ​အသိအမှတ် ရွေးချယ်ခဲ့သည်။
နှစ်စဥ်နှစ်တိုင်း Forbes မဂ္ဂဇင်းမှ အာရှတစ်ဝှမ်း အသက် ၃၀ ​​အောက်ထူးချွန်​အောင်မြင်သူများ အ​ယောက် ၃၀ ကို ကဏ္ဍ ၁၀ ခုအတွက် ​ရွေးချယ်အသိအမှတ်ပြု​လေ့ရှိသည်။
​ဒေါက်တာခိုင်ပွင့်နွယ်အား ရွေးချယ်အသိအမှတ်ပြုခြင်းမှာ သူမ​၏ ဒီဂျစ်တယ်ကျန်းမာ​ရေး​စောင့်​ရှောင့်မှု “ဇီဝက” ကျန်းမာရေးပလက်​ဖောင်းဖြင့် ရရှိခဲ့​သော ​အောင်မြင်မှုများအတွက်ဖြစ်သည်။ “ဇီဝက” ကျန်းမာရေးပလက်​ဖောင်းသည် ဆေးရုံ​ဆေးခန်းများ၏ စီမံခန့်ခွဲမှု ပိုမို​တိုးတက်ကောင်းမွန်​စေရန် အ​ထောက်အကူများစွာပြုလျက်ရှိသည်။ ထို့အပြင် “ဇီဝက” ကျန်းမာရေးပလက်​ဖောင်းသည် အွန်လိုင်းကျန်းမာ​ရေးတိုင်ပင်​ဆွေး​နွေးခြင်း ဝန်​ဆောင်မှု​ဖြင့် ဆရာဝန်နှင့်လူနာများ အလှမ်းမကွာရန် ဆောင်ရွက်​ပေးလျက်ရှိသည်။
​ဒေါက်တာခိုင်ပွင့်နွယ်သည် ​ဒေါက်တာ​အောင်သူရနှင့်အတူ “ဇီဝက” ကျန်းမာရေးပလက်​ဖောင်းကို တည်​ထောင်ခဲ့ပြီး ကုမ္ပဏီ၏ ဝန်​ဆောင်မှုများကို အခြားဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ​တိုးချဲ့​ဆောင်ရွက်နိုင်ရန် ရည်မှန်းထားသည်။
သူမ​ပြောပြသည်မှာ “လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ ကျွန်မ စိတ်လှုပ်ရှားမှုနဲ့အတူ စိတ်အတက်အကျ အများကြီး ဖြစ်ခဲ့ရပါတယ်၊ ​တော်​တော်​လေးလည်း ကြိုးစားရုန်းကန်ခဲ့ရပါတယ်၊ စွန့်လည်းစွန့်စားခဲ့ရပါတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်က​တော့ resource နဲ့ infrastructure နိမ့်ပါးရှားပါးတဲ့ အ​ခြေအ​နေမှာ နည်းပညာကိုအသုံးပြုပြီး ကျန်းမာ​ရေး​စောင့်​ရှောက်မှုကို အများကြီးတိုးတက်​ကောင်းမွန်​အောင် မြှင့်တင်နိုင်ဖို့ဘဲဖြစ်ပါတယ်”
၂၀၂၁ ခုနှစ်တွင် “ဇီဝက” ကုမ္ပဏီသည် စင်ကာပူ အခြေစိုက် နာမည်ကြီး Accelerating Asia အစီအစဥ်တွင် အ​ရှေ့​တောင်အာရှမှ စွန့်ဦးတီတွင်ကုမ္ပဏီပေါင်း ၅၀၀ ​ကျော် ထဲမှ ၉ ခုထဲတွင် ​ရွေးချယ်ခံခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here