ကော့ကရိတ်မြို့နယ်တွင် အမျိုးသား ၄ ဦးဓာတ်လိုက်ခံရတာ တစ်ဦးသေဆုံးခဲ့

0
202

ကော့ကရိတ်မြို့နယ်တွင် အမျိုးသား ၄ ဦးဓာတ်လိုက်ခံရတာ တစ်ဦးသေဆုံးခဲ့

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊တံတားကျိုးကျေးရွာတွင် မေ ၂၇ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲကျော်ခန့်က အမျိုးသား ၄ ဦးဓာတ်လိုက်၍ တစ်ဦးသေဆုံးခဲ့သည်ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

“သူတို့ ၄ ယောက်က ဓာတ်ကြိုးတွေလမ်းမပေါ်လဲကျနေလို့ ပြန်တင်နေတဲ့အချိန်မှာ ဓာတ်လိုက်သွားတာလို့ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ မေးကြည့်လို့သိရတာ”ဟုပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူကပြောသည်။

ဓာတ်လိုက်မှုကြောင့် အမျိုးသား ၁ ဦးမှာသေဆုံးခဲ့ပြီး ကျန်အမျိုးသား ၃ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သေတာက တစ်ယောက် ဒဏ်ရာရတာဆိုရင် ပေါင်ရိုးကျိုးတာတစ်ယောက် ခြေထောက်အပူ လောင်တာတစ်ယောက် ခြေဖဝါးပြတ်ရှဒဏ်ရာရတာတစ်ယောက် ၃ ယောက်ပေါ့”ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ပုလဲဖြူလူမှုကယ် ဆယ်ရေးအဖွဲ့မှလူနာတင်ကား ၂ စီး၊တံတားကျိုးကျေးရွာမှ ကား ၁ စီးတို့ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်ဟု သိရသည်။

Photo-ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here