ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်နှင့်ဝန်ကြီးဟောင်းသုံးဦးကိုစွဲဆိုထားသော ၃(၁)(ဂ)အမှု အတွက်လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်ရန်ရှိ

0
220

ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာရှောင်တာနယ်နှင့်ဝန်ကြီးဟောင်းသုံးဦးကိုစွဲဆိုထားသော ၃(၁)(ဂ)အမှု အတွက်လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်ရန်ရှိ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ မစ်စတာရှောငျတာနယျှငျ့ဝနျကွီးဟောငျးသုံးဦးကို တစ်ပေါင်းတည်းစွဲဆိုထားသော နိုင်ငံတော်လျို့ဝှက်အက်ဥပဒေပုဒ်မ ၃(၁)(ဂ)အမှုအတွက် လာမည့် ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်သွားရန်ရှိနေကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှသိရသည်။

ယမန်နေ့ မေ ၂၆ ရက်က အဆိုပါအမှုနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်အထူးသီးသန့်တရားရုံးသို့ ၎င်းတို့ကိုရုံးထုတ်လာခဲ့ပြီးနောက် နှစ်ဘက်ရှေ့နေများစွဲချက်အမိန့်တင်သင့်/ မတင်သင့်အတွက် လျှောက်လဲချက်ပေးခဲ့ကြကြောင်းသိရသည်။

ရုံးချိန်းကို ဇွန်လ ၉ရက်သို့ ပြန်လည်ချိန်းဆိုထားပြီး၊ ယင်းနေ့တွင် စွဲချက်တင်အမိန့်ချမှတ်ရန် ရှိနေကြောင်း သိရသည်။

အဆိုပါအမှု၌ မစ္စတာရှောင်တာနယ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ သုံးဦးကိုလည်း တစ်ပေါင်းတည်းစွဲဆိုထားခြင်း ဖြစ်သည်။

နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေ ၃(၁)(ဂ)အမှုအားတရားလိုပြုလုပ် တိုင်ကြားသူမှာ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အမှုမှာ မစ္စတာရှောင်တာနယ်လ်၏ ကွန်ပျူတာအတွင်း ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်များနှင့်ပတ်သက်၍ စွဲဆိုခံထားရသော အမှုတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here