အကျပ်အတည်းလမ်းဆုံ ​ရောက် အမေရိကန်-တရုတ် ဆက်ဆံရေး

0
179

အကျပ်အတည်းလမ်းဆုံ ​ရောက် အမေရိကန်-တရုတ် ဆက်ဆံရေး

ဝါရှင်တန်၊ မေ ၂၇

အမေရိကန်-တရုတ် ဆက်ဆံရေးသည် ယခုလက်ရှိတွင် အထိမခံအခြေအနေ၌ ရှိနေသော်လည်း ဝါရှင်တန် အ​နေဖြင့် ​ပေကျင်းနှင့်ပူးပေါင်းဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်ဆိုင်ရာ တရုတ်သံရုံး မှ ပြောရေးဆိုခွင့် ရှိသူ လျူပင်ယူ ကTASS သတင်းဌာနသို့ပြောကြားခဲ့သည်။

“နှစ်ဖက်ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးတိုးမြှင့်ရေး၊ကွဲပြား​နေမူများကိုစီမံခန့်ခွဲပြီး အတူပူးပေါင်းဆောင်ရွက်ရေး ၊ဘုံနားလည်မူတို့အပေါ် အလေးထားလုပ်ဆောင်ခြင်းတို့ဖြင့် အမေရိကန်ဘက်ကလည်း တရုတ်နဲ့အတူ ပူးပေါင်းဆောင်ရွက်ပါက တည်ငြိမ်ပြီး တိုးတက်တဲ့ လမ်းကြောင်းပေါ်သို့ မကြာမီပြန်လည်ရောက်မည်ဟု​မျှော်လင့်ကြောင်းတရုတ်သံတမန်က ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ အွန်လိုင်းမှတဆင့် ပြုလုပ်သောထိပ်သီးဆွေးနွေးပွဲတွင် “တရုတ်နှင့်အမေရိကန်တို့သည် အချင်းချင်း လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ထိပ်တိုက်ရင်ဆိုင်မှုများကိုရှောင်ရှားခြင်း”ဟူသော အဆိုတို့ကို သဘောတူညီခဲ့ကြကြောင်း ၎င်းကဆိုသည်။

အဲ့ဒီအစည်း​ဝေးတုန်းက“သမ္မတဘိုင်ဒင်က အမေရိကန်သည် တရုတ်နှင့်ပတ်သက်ပြီး စစ်အေးတိုက်ပွဲအသစ် ဖန်တီးမှာမဟုတ်ကြောင်း၊ တရုတ်၏စနစ်ကိုလည်း ပြောင်းလဲရန် မရည်ရွယ်ကြောင်း၊ US ၏မဟာမိတ်များအား ပံ့ပိုးခြင်းများက တရုတ်ကို ပစ်မှတ်ထား ဆန့်ကျင်ခြင်း မဟုတ်ကြောင်း (ထိုင်ဝမ်၏ ကိုယ်ပိုင်လွတ်လပ်ရေးကိစ္စကို ဆိုလိုခြင်း)၊တရုတ်နှင့် ပဋိပက္ခဖြစ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း ထပ်ခါ ထပ်ခါ ပြောကြားခဲ့​သေးတယ်​လေ”ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Source: TASS


LEAVE A REPLY

Please enter your comment!
Please enter your name here