မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ ဂျာမနီနိုငံသံရုံးအကြီးအကဲသွားရောက်

0
66

မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းများသို့ ဂျာမနီနိုငံသံရုံးအကြီးအကဲသွားရောက်

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိစစ်ဘေးရှောင်စခန်းများသို့ ဂျာမနီနိုငံသံရုံးအကြီးအကဲYorkSchuegraf နှင့်လုပ်ဖော်ကိုင်ဖက်များသွားရောက်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဂျာမနီနိုင်ငံသံရုံးမှ မေလ၂၇ရက်က သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ဂျာမနီနိုင်ငံသံရုံးက သတင်းထုတ်ပြန်ရာတွင် ဂျာမနီနိုငံသံရုံးအကြီးအကဲနှင့်လုပ်ဖော်ကိုင်ဖက်များသည် ICRCနှင့်အတူ မြစ်ကြီးနားရှိ စစ်ဘေးရှောင်စခန်းများနှင့်ICRC ၏ စီမံကိန်းနေရာအချို့သို့ သွားရောက် ပြီး ခရီးစဉ်မှတစ်ဆင့် မြေပြင်ရှိ လက်ရှိအခြေအနေများကို အသေးစိတ်သိရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခဲ့ရသူများအပါအဝင် စီမံကိန်းအကျိုးခံစားသူများနှင့် အဓိကတွေ့ဆုံဖလှယ်၍ လက်ရှိအခြေအနေ၊ စိန်ခေါ်မှုများနှင့် အခက်အခဲများ၊ အထူးသဖြင့် လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် ဆန္ဒသဘောထားများနှင့် အတားအဆီးများအပေါ် ဆွေးနွေးခဲ့ကြပါသည်။ ကချင်ပြည်နယ်ရှိ အထိအခိုက်လွယ်မှု အများဆုံးသော ပြည်သူများအတွက် ကချင်ပြည်နယ် ICRC ၏ ခိုင်မာအားကောင်းသည့် ပံ့ပိုးကူညီမှုများနှင့် ကတိကဝတ်များကို ဂျာမန်သံရုံးကိုယ်စားလှယ်အဖွဲ့က ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဂျာမနီအနေဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများနှင့် လူမှုအသိုင်းအဝိုင်းများကို ထောက်ပံ့ရန်အတွက် ICRC အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းအမျိုးမျိုးကို ရန်ပုံငွေ ထည့်ဝင် ပံ့ပိုးပေးလျက်ရှိပြီး အနာဂါတ်တွင် ဆက်လက်လုပ်ဆောင်သွားရန်လည်း အခိုင်အမာဆုံးဖြတ်ထားကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here