ဇွန် ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံသားများအနေဖြင့် ဂျပန်နိုင်ငံသို့သွားရောက်ပါက Quarantine နေထိုင်ရန်မလိုအပ်ဟု မြန်မာသံရုံးထုတ်ပြန်

0
192

ဇွန် ၁ ရက်မှစတင်ကာ မြန်မာနိုင်ငံသားများအနေဖြင့် ဂျပန်နိုင်ငံသို့သွားရောက်ပါက Quarantine နေထိုင်ရန်မလိုအပ်ဟု မြန်မာသံရုံးထုတ်ပြန်

ဂျပန်နိုင်ငံမှ ပြည်ဝင်ခွင့်များအားဖြေလျော့ပေးခြင်းနှင့်ပတ်သက်၍ New Border Measures 28 အား ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မေ ၂၃ ရက်တွင် တိုကျိုမြို့ရှိ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ အကြောင်းကြားခဲ့သည်။

အဆိုပါ အကြောင်းကြားစာ၏ New Border Measures 28 အရ နိုင်ငံနှင့်ဒေသတို့အား အရောင် ၃ ရောင်ခွဲ၍သတ်မှတ်ထားကာ သတ်မှတ်အရောင်အလိုက်ဆောင်ရွက်ရမည်ဖြစ်ပြီး ဇွန် ၁ ရက်မှစတင်၍ ယင်းသတ်မှတ်ချက်မှာ အသင်ဝင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း New Border Measures 28 တွင်မြန်မာနိုင် ငံသည် အပြာရောင်အုပ်စု၌ ပါဝင်သဖြင့် မြန်မာ နိုင်ငံမှဂျပန်နိုင်ငံသို့လာရောက်မည့်သူများသည် Quarantine ဝင်ရန်မလိုအပ်ကြောင်း မြန်မာသံရုံး ၏ထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်အစိုးရမှာ အပြာရောင်အုပ်စုအဖြစ်သတ် မှတ်ထားသည့် နိုင်ငံများမှလာရောက်သူများ သည် Quarantine နေထိုင်ရန်၊ On-Arrival test နှင့်ဂျပန်အစိုးရအသိအမှတ်ပြုကာကွယ်ဆေးထိုးထားသည့် လက်မှတ်များတင်ပြရန်မလိုအပ်ဘဲ pre- departure test သာလိုအပ်ကြောင်း သိရသည်။

ထို့ပြင် အဝါရောင်အုပ်စုအဖြစ်သတ်မှတ်ထားသည့် နိုင်ငံများမှလာရောက်သူများအနေဖြင့် ဂျပန်အစိုးရအသိအမှတ်ပြုကာကွယ်ဆေးထိုးထားသည့် လက်မှတ်ရှိသူဖြစ်စေ မရှိသူဖြစ်စေ pre- departure test လိုအပ်ကာ On-Arrival test နှင့် Quarantine နေထိုင်ရန်တို့တွင်မူ ကာကွယ်ဆေးထိုးထားသည့် လက်မှတ်ရှိသူများမှာပြုလုပ်နေ ထိုင်ရန်မလိုအပ်ဘဲ ကာကွယ်ဆေးထိုးလက်မှတ်မရှိသူများအနေဖြင့် On-Arrival test ပြုလုပ်ရမည်ဖြစ်ပြီး နေအိမ်၌ Quarantine ၃ ရက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အနီရောင်အုပ်စုများသည် ဂျပန်အစိုးရအသိအမှတ်ပြုကာကွယ်ဆေးထိုးလက်မှတ် ရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ pre-departure test နှင့် On-Arrival test တို့အားပြုလုပ်ရန်လိုအပ်ကာ ဂျပန်အစိုးရ၏ သီးသန့်စောင့်ကြည့်နေရာ၌ Quarantine ၃ ရက်နေထိုင်ရမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here