ကွမ်တုံးပြည်နယ်ရောက် မြန်မာနိုင်ငံသားများအနေ ဖြင့် မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေပါက မြန်မာသံရုံးသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်

0
199

ကွမ်တုံးပြည်နယ်ရောက် မြန်မာနိုင်ငံသားများအနေ ဖြင့် မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေပါက မြန်မာသံရုံးသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံးပြည်နယ်သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်ရန် အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပေကျင်းမြို့ရှိ မြန်မာသံ ရုံး၏ ဖုန်းနံပါတ် +၈၆ ၁၃၂၄ဝဝဝ၇၄၅၅(+86 132 40007455)သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း မြန်မာသံရုံးက မေလ၂၆ရက်က အသိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ အကူအညီတောင်းခံရာတွင် အထက်ပါဖုန်းနံပါတ်သို့ တနင်္လာနေ့မှ သောကြာ နေ့အထိ ရုံးချိန်အတွင်း (နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၉:၀၀ အထိ) ဆက်သွယ်နိုင်ပြီး အလွန်အရေးကြီးသည့်ကိစ္စရပ်များဆိုပါက ရုံးချိန်ပြင်ပနှင့် စနေတနင်္ဂနွေ ရုံးပိတ်ရက်များတွင် လည်းဆက်သွယ်နိုင်ကြောင်း ကြေညာချက်တွင် ဖော်
ပြပါရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပေကျင်းမြို့ရှိ မြန်မာသံရုံးအနေဖြင့် မြန်မာနိုင်ငံသားများအား အထူးမေတ္တာရပ်ခံလိုသည်မှာ ယခုဖော်ပြပါ လက်ကိုင်ဖုန်းအမှတ်သည် ကွမ်တုံးပြည်နယ်တွင်ရောက်ရှိနေသည့် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများနှင့် ဆက်သွယ်မှု ရရှိရန်အတွက်သာ သီးသန့်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်တုံးပြည်နယ်သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး အခက်အခဲများကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ရေးအတွက် ပေကျင်းမြို့၊ မြန်မာသံရုံးက အထူးကိစ္စရပ် အနေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ ဗီဇာလျောက်ထားလိုခြင်းအပါအဝင် အခြား ကောင်စစ်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပေကျင်းမြို့၊ မြန်မာသံရုံးမှ ယခင်ထုတ်ပြန်ကြေညာထားသည့် တယ်လီဖုန်းအမှတ်များ၊ Wechat အကောင့်များသို့ တနင်္လာနေ့မှ သောကြာနေ့ အထိ ရုံးချိန်အတွင်း (နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၉:၀၀ အထိ) ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ပါကြောင်းလည်း ကြေညာထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here