မြိတ်မြို့ရှိ ကိုလိုနီခေတ်ရုံးအဆောက်အဦး ၄ ခုအား ရှေးမူမပျက်ဆက်လက်ထိန်းသိမ်းမည်

0
396

မြိတ်မြို့ရှိ ကိုလိုနီခေတ်ရုံးအဆောက်အဦး ၄ ခုအား ရှေးမူမပျက်ဆက်လက်ထိန်းသိမ်းမည်

တနင်္သာရီတိုင်း၊မြိတ်မြို့ရှိ ကိုလိုနီခေတ်ရုံးအ ဆောက်အဦး ၄ ခုအား ၂၀၂၂ ခုနှစ်၊ဧပြီလတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှေး ဟောင်းအဆောက်အဦးကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် ရှေးဟောင်းအဆောက်အဦးများအဖြစ်သတ်မှတ်ခဲ့သည်။

ကိုလိုနီခေတ်ရုံးအဆောက်အဦးများဖြစ်သည့် ၁၉၁၃ ခုနှစ်၌တည်ဆောက်ခဲ့သည့် အမှတ်(၂)သ တ္တုတွင်းလုပ်ငန်းရုံး၊ ၁၈၆၀ ခုနှစ်တွင်တည် ဆောက်ခဲ့သည့် One Stop Service ရုံး(မောရစ်ကောရစ်နေအိမ်)၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်သစ်တောဦးစီးဌာနရုံး တို့အားရှေးဟောင်းအဆောက်အဦးများအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ သတ်မှတ်ပြီးနောက် ရှေးဟောင်းသုတေ သနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ သက်ဆိုင် ရာ အဆောက်အဦးတာဝန်ရှိသူများထံ ရှေး ဟောင်းအဆောက်အဦးအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်သည့် အမိန့်ကြေညာစာမိတ္တူများ၊အ သိပေးအကြောင်းကြားစာများအား ပေးပို့ခဲ့သည်။

အဆိုပါ ကိုလိုနီခေတ်ရုံးအဆောက်အဦး ၄ ခုအား တနင်္သာရီတိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးတို့မှ မေ ၂၆ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးပြီးနောက် ရုံးအဆောက်အဦးများအား ရှေးမူမပျက်ဆက်လက်ထိန်းသိမ်းရန်နှင့်ပြု ပြင်ဆောင်ရွက်ရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန်မှာကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here