ခရီးစဉ်ဒေသများသည် COVID Safe Destination ဖြစ်ပြီးသတ်မှတ်ထားသည့် Health & Safety Protocol များအတိုင်းဆောင်ရွက်ထားသည့် အချက်များမှာ ခရီးစဉ်ဒေသအားမြှင့်တင်ကြော်ငြာဆွဲဆောင်ရာ၌ အထိရောက်ဆုံး Marketing နှင့် Promotion Tools များဖြစ်သည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
99

ခရီးစဉ်ဒေသများသည် COVID Safe Destination ဖြစ်ပြီးသတ်မှတ်ထားသည့် Health & Safety Protocol များအတိုင်းဆောင်ရွက်ထားသည့် အချက်များမှာ ခရီးစဉ်ဒေသအားမြှင့်တင်ကြော်ငြာဆွဲဆောင်ရာ၌ အထိရောက်ဆုံး Marketing နှင့် Promotion Tools များဖြစ်သည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး(၁/၂၀၂၂)သို့ အမျိုး သားခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်၍ အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံကို နိုင်ငံတကာကခရီးသွားတွေ အ ဆင်ပြေစွာ လာရောက်နိုင်ဖို့အတွက် ကျန်းမာရေးဆိုင်ရာကန့်သတ်ချက်တွေကို တဖြည်းဖြည်းဖြေလျော့ပေးခဲ့ရာမှာ ဧပြီ ၁၇ ရက်ကစပြီး နိုင်ငံတ ကာပုံမှန်လေကြောင်းခရီးစဉ်တွေကို စတင်ပျံ သန်းပြေးဆွဲခွင့်ပြုခဲ့ပါတယ် မေ ၂၅ ရက်အထိ နိုင်ငံတကာပုံမှန်လေကြောင်းလိုင်းတွေနဲ့ ပြည် တွင်းခရီးသည် ၂၀၆၅၇ ယောက်နဲ့နိုင်ငံခြားသားခရီးသည် ၅၅၆၁ ယောက်ဝင်ရောက်ခဲ့ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် တစ်ရက်ပျမ်းမျှလေကြောင်းလိုင်း ၉ လိုင်း ၊လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက်ပျံသန်းလျက်ရှိ၍ ခရီးသွားလုပ်ငန်းများအရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အလားအ လာကောင်းများရှိလာသည်ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် အလားအလာများစွာရှိပြီး မြန်မာ နိုင်ငံ၏ ရာသီဥတု၊ကမ်းရိုးတန်းများ၊ရေအောက်သန္တာကျောက်တန်းများ၊ရေနေ သတ္တဝါများ၊လန်ပိကျွန်းကဲ့သို့ သဘာဝဥယျာဉ်ကြီးများလည်းရှိသည်ဟုပြောသည်။

ထို့ပြင် အနုပညာနှင့်ဆောက်လုပ်ရေးနည်းပညာများအား လေ့လာနိုင်သည့် ရှေးဟောင်းယဉ်ကျေး မှု ပုဂံဒေသကဲ့သို့ ယူနက်စကို အသိအမှတ်ပြုနေ ရာဒေသများ၊အညာဒေသခရီးစဉ်များ၊ကချင် ပြည်နယ်ပူတာအိုဒေသရှိ ရေခဲတောင်ခရီးစဉ်များ၊မွန်ပြည်နယ်၊သံဖြူဇရပ်မြို့ရှိ သေမင်းတမန်ရထားလမ်း အစရှိသည် တို့သည် ပြည်တွင်း၊ပြည် ပခရီးသွားလုပ်ငန်းများအတွက် လူတန်းစားအ လွှာအသီးသီးအား ဆွဲဆောင်နိုင်မည်ဖြစ်သည်ဟု ပြောသည်။

“တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓ လေ့ထုံးတမ်းတွေနဲ့ရိုးရာအစားအစာတွေကလည်း ခရီးသွားလုပ်ငန်းအတွက်စိတ်ဝင်စားဖွယ် ဆွဲဆောင်နိုင်ပါတယ် အဲဒါကြောင့်ရှိပြီးသား စိတ်ဝင် စားဖွယ်ဆွဲဆောင်မှုအရာတွေကို နေရာဒေသအ လိုက် အမိအရ ဖမ်းဆုပ်နိုင်ဖို့လိုအပ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ကိုဗစ်ကာလအလွန်ခရီးသွားလုပ်ငန်း၏ အလား အလာအား လေ့လာကြည့်ပါက ယခင်နိုင်ငံတ ကာခရီးသွားများသည် လူနေထူထပ်သည့် မြို့ ကြီးပြကြီးများသို့ သွားလာလည်ပတ်ခြင်း၊ဈေးဝယ်ထွက်ခြင်းတို့အား ရွေးချယ်မှုများပြားခဲ့သည်ဟုပြောသည်။

ယခုအခါ၌ ခရီးသွားများမှာ လူနေနည်းပါးပြီး သ ဘာဝနှင့်နီးစပ်သည့်နေရာများ၊လေကောင်း လေသန့်ရကာ ရှုခင်းကောင်းသည့် ကျေးလက်ဒေသများအား ပိုမိုနှစ်သက်လာကြသည်ကို စစ်တမ်းများအရ သိရှိရသည်ဟု နစက ဒု- ဥက္ကဋ္ဌကပြော သည်။

“ခရီးသွားတွေက ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံစိတ်ချရမှုကို ဦးစားပေးစဉ်းစားလာကြပြီး ငွေပေးချေတာ ဝန်ဆောင်မှုယူတာတွေမှာ လူချင်းတိုက်ရိုက်ထိတွေ့မှုအနည်းဆုံး နည်းလမ်းတွေကိုပိုပြီး ရွေးချယ်ရယူလိုတာကိုလည်း တွေ့ရှိရပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် မိမိတို့ဒေသတွင် လည်ပတ်မည့် ခရီး သွားဧည့်သည်များ၏ ယုံကြည်စိတ်ချရမှုအား ရယူထားနိုင်ရန်လိုအပ်ကာ ခရီးစဉ်ဒေသသည် COVID Safe Destination ဖြစ်ပြီး သတ်မှတ်ထားသည့် Health & Safety Protocol များအတိုင်း ဆောင်ရွက်ထားသည်ဆိုသော အချက်များသည် ခရီးစဉ်ဒေသအား မြှင့်တင်ကြော်ငြာဆွဲဆောင်ရာ၌ အထိရောက်ဆုံး Marketing နှင့် Promotion Tools များဖြစ်သည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here