ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများမှတဆင့် လျှပ်စစ်ရထား(EMU)အထိပြေးဆွဲနိုင်ရန် ကြို တင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဟု နစက ဥက္ကဋ္ဌပြော

0
120

ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများမှတဆင့် လျှပ်စစ်ရထား(EMU)အထိပြေးဆွဲနိုင်ရန် ကြို တင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌမှ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)၌လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မေ ၂၇ ရက်က သွား ရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားခဲ့ခြင်းဖြစ် သည်။

ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်၍ စက်ခေါင်းများပြင်ဆင်ခြင်းလုပ်ငန်းများဆောင် ရွက်ရာတွင် ပြုပြင်ခြင်းလုပ်ငန်းအဆင့်ဆင့်အား မှတ်တမ်းဓာတ်ပုံများဖြင့် စနစ်တကျ မှတ်တမ်းတင်ခြင်းထားရန်လိုအပ်သည်ဟု ပြောသည်။

“စက်ခေါင်းတွေ ဝယ်ယူချိန်ကစပြီး အသုံးပြုမှုနဲ့ပြုပြင်ထိန်းသိမ်းမှုတွေကို စက်ခေါင်းတစ်ခုချင်းအလိုက် သမိုင်းမှတ်တမ်းတွေ ပြည့်စုံအောင်ပြုစုထားဖို့လိုပါတယ် စက်ခေါင်းတွေဟာ တန်ဖိုးကြီး မားတဲ့ ပစ္စည်းတွေဖြစ်လို့ ပြုပြင်ထိန်းသိမ်းခြင်းနဲ့စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းတွေပြုလုပ်ရာမှာ အတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ဆောင် ရွက်ဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အလားတူ ခေတ်ကာလအရ နိုင်ငံတကာတွင် မီး ရထားများအား လျှပ်စစ်ဓာတ်အား အသုံးပြု၍ ပြေးဆွဲနေကြသဖြင့် မိမိတို့နိုင်ငံတွင်လည်း လျှပ် စစ်ရထားများပြေးဆွဲနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကာ လျှပ်စစ်ရထားများပြေးဆွဲနိုင်ရန် လိုအပ်သည့် လျှပ်စစ်ဓာတ်အားသုံးစက်ခေါင်းများထုတ်လုပ်နိုင်ရန် နိုင်ငံတကာမှနည်းပညာများလေ့လာ၍ ပြည်တွင်း၌ထုတ်လုပ်နိုင်သည့် ပစ္စည်းများနှင့်ပြည်ပမှဝယ်ယူရမည့် ပစ္စည်းများပေါင်း စပ်၍ ပထမခြေလှမ်းအနေဖြင့် ဒီဇယ်လျှပ်စစ်သုံး (DEMU)စက်ခေါင်းများတည်ဆောက်ထုတ်လုပ် နိုင်ရေးအား ကြိုးပမ်းဆောင်ရွက်ရမည်ဟု ပြော သည်။

ထို့ပြင် ဒီဇယ်လျှပ်စစ်ရထားစက်ခေါင်းများမှတဆင့် လျှပ်စစ်ရထား(EMU)အထိပြေးဆွဲနိုင်ရန် ကြိုတင်ပြင်ဆင်မှုများအား ဆောင်ရွက်ထားရန် လိုသည်ဟုပြောသည်။

“လက်ရှိ ရန်ကုန်မြို့ပတ်ရထားလမ်းမှာ ဒီဇယ်လျှပ်စစ်သုံးရထားတွေသုံးပြီး မြို့ပတ်ရထားတွေပြေးဆွဲနေပါတယ် လျှပ်စစ်ရထားတွေပြေးဆွဲနိုင်ဖို့အတွက် သုတေသနပြုလုပ်ဖို့လိုပါတယ် အဲဒီကနေတဆင့် တစ်နိုင်ငံလုံးက အဓိကကျတဲ့နေရာတွေကို လျှပ်စစ်ရထားသုံးပြီးပြေးဆွဲနိုင်ဖို့ အဆင့် ဆင့်ကြိုးပမ်းဆောင်ရွက်သွားဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့အတူ တစ်နိုင်ငံလုံး၌ လျှပ်စစ်စက်ခေါင်းများဖြင့်ပြေးဆွဲနိုင်ရန် အဓိကထားရည်မှန်းဆောင် ရွက်ရမည်ဖြစ်၍ မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)အနေဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစကာ သုတေသနပြုထုတ်လုပ်ပြီး အဆင့်မြှင့်တင်ခြင်း နှင့်လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများအား အဆင့်ဆင့်ကြိုးပမ်း ဆောင် ရွက်သွားရမည်ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံရှိ ဂျပန်နိုင်ငံမှရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်းအသစ်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here