ကွယ်လွန်သူမိခင်ဖခင်နဲ့အကိုဖြစ်သူတို့အားရည်စူးကာရွှေတိဂုံဘုရားမှာကုသိုလ်ကောင်းမှုများပြုလုပ်ပေးခဲ့တဲ့ ဗီဗာဟိန်း

0
269

ကွယ်လွန်သူမိခင်ဖခင်နဲ့အကိုဖြစ်သူတို့အားရည်စူးကာရွှေတိဂုံဘုရားမှာကုသိုလ်ကောင်းမှုများပြုလုပ်ပေးခဲ့တဲ့ ဗီဗာဟိန်း

လွန်ခဲ့သော ၁၀ လခန့်က ကွယ်လွယ်သွားခဲ့ကြတဲ့ မိခင်ဖခင် နဲ့ အကုိဖြစ်သူတို့အားရည်စူးကာ ဗီဗာဟိန်းမှ ရွှေတိဂုံ ဘုရားသို့သွားရောက်ကာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး ဗီဗာဟိန်း” ဒီနေ့မေကြီးဆုံးတာ၁၀လပြည့်ဖေကြီးမေကြီးနဲ့ကိုကြီးတို့အတွက်ရည်စူးပြီးဘုရားမှာရွှေသက်န်းနဲ့ပန်းရေချမ်းဆီမီးအမွှေးတိုင်ကပ်လှူပီးပဠာန်းရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။သံဃာတော်အားသက်န်းသစ်သီးနဲ့ဝတ္ထုကပ်လှူပူဇော်ခဲ့ပါတယ်။ဤကုသိုလ်ကိုဖေကြီးမေကြီးနဲ့ကိုကြီးတို့ထပ်တူထပ်မျှရကြပါစေ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသား ဖော်ပြခဲ့ပါတယ်။

ဗီဗာဟိန်းရဲ့ဘဝမှာ အမြဲစနောက်တတ်တဲ့အကိုကြောင့်ပျော်ရွှင်ခ့ဲရသလို အကုိဖြစ်သူမဆုံးခင်အချိန်လေးမှာ အကုိဖြစ်သူကိုတအားစိတ်ဆိုးသွားပြီး တစ်လလုံးမခေါ်ပဲနေခဲ့မိတဲ့အချိန် သူအခုလိုတကယ်သေသွားတဲ့အခါမှာအရမ်းနောင်တရမိတယ်လို့ပေါ်ပြူလာသတင်းဌာနရဲ့မေးမြန်းမှုတစ်ခုမှာ ေပြာပြခဲ့တာဖြစ်ပါတယ်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here