သရုပ်ဆောင်ရဲတိုက်အမှု တိုင်းဒေသကြီးတရားရုံးသို့ အယူခံတက်ရန်ရှိနေဟုဆို

0
239

သရုပ်ဆောင်ရဲတိုက်အမှု တိုင်းဒေသကြီးတရားရုံးသို့ အယူခံတက်ရန်ရှိနေဟုဆို

သရုပ်ဆောင်ရဲတိုက်အား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ ၁၆(ဂ)/၂၃ အမှုအတွက်အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည့်အပေါ် မိသားစုနှင့်တိုင်ပင်ဆွေးနွေးပြီးပါက ရန်ကုန်တိုင်းဒေသကြီးအဆင့် တရားရုံးသို့ အယူခံဝင်ရန်ရှိနေကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေကပြောသည်။

” ကျွန်တော်တို့ မိသားစုနဲ့ညှိနှိုင်းပြီးရင်တော့ အယူခံအဆင့်အဆင့် ထပ်တက်ပါဦးမယ်။ တစ်လအတွင်း တက်ရမှာပါ။”ဟုဆိုသည်။

သရုပ်ဆောင်ရဲတိုက်အမှုအတွက် ရန်ကုန်တိုင်းဒေသကြီးတရားရုံးသို့အယူခံဝင်ရာတွင်ရရှိလာသည့် တရားရုံးဆုံးဖြတ်ချက်အပေါ်မူတည်၍ ပြည်ထောင်စုအဆင့်တရားလွှတ်တော်ချုပ်ရုံးအထိအယူခံဆက်တက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယမန်နေ့ မေ ၂၇ရက် ၌ သရုပ်ဆောင်ရဲတိုက်ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဆိုင်ရာ ပုဒ်မ ၁၆(ဂ)/၂၃ အမှုအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရခြင်းဖြစ်သည်။

လက်ရှိတွင် သရုပ်ဆောင်ရဲတိုက်သည်ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က အမှုဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရပြီး ချုပ်ရက်မှ ထုတ်နှုတ်ခံစားခွင့်ရရှိထားသဖြင့် နှစ်နှစ်နီးပါးသာ ကျန်ရှိနေကြောင်းသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here