အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး​ပြောသည့် တရုတ်မူဝါဒ

0
139

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး​ပြောသည့် တရုတ်မူဝါဒ

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန် က ကိုဗစ်ဖြစ်​နေ​​သဖြင့်တရုတ်နှင့်ပတ်သက်သည့် မူဝါဒ မိန့်ခွန်းကိုမေလ ၂၆ ရက်နေ့မှ ​ပြောနိုင်ခဲ့သည်။

ယခုရကိပိုင်းအတွင်း အင်ဒို ပစိဖိတ်ဒေသသတင်း၊ တောင်ကိုရီးယားနဲ့ဂျပန်ကိုသွားရောက်ခဲ့တဲ့အမေရိကန်သမ္မတရဲ့ခရီးစဉ်၊ ‌QUAD အစည်းအဝေး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပစိဖိတ်ကျွန်းနိုင်ငံတွေဆီ လည်ပတ်မူနဲ့သက်​ရောက်မူ​တွေအ​ကြား နိုင်ငံ​ရေးကစားပွဲ​တွေရူပ်​နေခဲ့တဲ့အတွက် ဘလင်ကန် ဘာ​ပြောမလဲ စိတ်ဝင်စား​နေခဲ့ကြသည်။

ဘလင်ကန် မိန့်ခွန်းတွင် တရုတ်နှင့်ပတ်သက်၍ “မူဘောင်ကို အနှစ်ချုပ်ရင် စကားလုံးသုံးလုံးတည်းပါပဲ၊ အဲ့ဒါတွေကတော့ ရင်းနှီးမြှုပ်နှံမှု၊‌ ပေါင်းစပ်မှုနဲ့ ယှဉ်ပြိုင်မှုတို့ပဲဖြစ်ပါတယ်” ဟုဆိုပြီး တရုတ်နိုင်ငံနှင့်တိုက်ရိုက်ယှဉ်ပြိုင်ခြင်းသည်မူဘောင်၏နောက်ဆုံးအချက်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

” ကျွန်တော်တို့နိုင်ငံမှာပဲ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်း၊ဆန်းသစ်တီထွင်မှုနဲ့ ဒီမိုကရေစီအတွက် ကျွန်တော်တို့ရဲ့ ခွန်အားတွေကို ရင်းနှီးမြှုပ်နှံသွားမှာပါ။”

ဥပမာအ​နေဖြင့် အမေရိကန်ရှိတရုတ်ကုမ္ပဏီများသည် တရုတ်ရှိအမေရိကန်ကုမ္ပဏီများထက်ပို၍ဈေးကွက်လက်ဦးမူရှိပြီး မမျှတ​နေခြင်းမျိုးသည်​ရေရှည်အတွက် အဆင်​မ​ပြေ​ကြောင်း​ပြောသည်။

ဘလင်ကန် မိန့်ခွန်းထဲတွင်ထူးခြားမူ တစ်ခုကတော့ အ​မေရိကန်နိုင်ငံခြားရေးဌာနတွင် တရုတ်နှင့်ပတ်သက်သည့်ကိစ္စရပ်များ ကိုင်တွယ်မည့်ဌာန သစ် China House (ဌာန​ပေါင်းစုံပါဝင်ပြီး လွှတ်​တော်နှင့်ပါ ချိတ်ဆက်​ဆောင်ရွက်မည့် ဌာန)ကို ဖွင့်လှစ်မည့်အ​ကြောင်းဖြစ်သည်။

ဘေဂျင်း၏ မျှော်မှန်းချက်များ၊ တရုတ်နိုင်ငံနှင့် ရုရှား၏ နီးကပ်သောဆက်ဆံရေး၊ သမ္မတပူတင်၏ စစ်ပွဲကို ဘေဂျင်းကကာကွယ်ခြင်းသည် အင်ဒိုပစိဖိတ်ဒေသရှိ ကျွန်ုပ်တို့အားလုံးအတွက် အချက်ပေး ခေါင်းလောင်းသံများဖြစ်လာခဲ့သည်ဟု ဘလင်ကန်ကထည့်သွင်း​ပြောကြားခဲ့သည်။

ဘလင်ကန်က ” အမေရိကန်နှင့် တရုတ်တို့ဟာ အနာဂတ်အတွက် အချင်းချင်း ဆက်ဆံနေကြရဦးမှာပဲ၊ကျွန်တော်တို့က ပဋိပက္ခတွေကိုရှာဖွေနေတာလဲမဟုတ်သလို စစ်အေးတိုက်ပွဲအသစ်ကိုရှာနေတာလဲမဟုတ်ပါဘူး၊ဘာ​တွေပဲဖြစ်နေပါစေ ကျွန်တော်တို့ကတော့ အဲ့ဒီနှစ်ခုလုံးကိုရှောင်ရှားသွားမှာပါ” ဟုလည်းပြောကြားခဲ့သည်။

ခြုံ၍ဆိုရသော် ဘလင်ကန်၏ မိန့်ခွန်းသည် တရုတ်နိုင်ငံနှင့်တင်းမာမှုများမြင့်တက်လာမည့်အခြေအနေကိုရှောင်ရှားနိုင်ရန်ချိန်ညှိထားပုံရသည်ဟု the diplomat မဂ္ဂဇင်းကသုံးသပ်ထားသည်။။ထိုအချက်သည်ပင် ယခင်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၏မူဝါဒနှင့်မတူသောအချက်တစ်ခုဖြစ်သည်။

Ref: the diplomat

 


LEAVE A REPLY

Please enter your comment!
Please enter your name here