ထားဝယ်မြို့ရှိ အ.ထ.က(၃)ကျောင်းရှေ့၌ မိနစ်ပိုင်းသာခြား၍ ဗုံးပေါက်ကွဲမှုဖြစ် ၁ ဦးဒဏ်ရာရ

0
295

ထားဝယ်မြို့ရှိ အ.ထ.က(၃)ကျောင်းရှေ့၌ မိနစ်ပိုင်းသာခြား၍ ဗုံးပေါက်ကွဲမှုဖြစ် ၁ ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ထားဝယ်မြို့၊အာဇာနည်လမ်းပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မေ ၂၈ ရက်(ယနေ့)မွန်းလွဲပိုင်းက ဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟု ထားဝယ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အ.ထ.က(၃)ကျောင်းရှေ့တွင် မွန်းလွဲ ၂ နာရီခွဲခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် မိနစ်ပိုင်းအကြာတွင် ဗုံးတစ်လုံးထပ်မံပေါက်ကွဲခဲ့သည်ဟု သိရသည်။

ပေါက်ကွဲမှုများကြောင့် ဖြစ်စဥ်နေရာအနီးမှဖြတ် သန်းသွားသည့် အမျိုးသားတစ်ဦး၏ ဝမ်းဗိုက်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်လို့မိုင်းစထိတဲ့လူနာတစ်ယောက်ရှိတယ်ဆိုပြီး အသင်းကိုဖုန်းဆက်လို့ သွားရောက်ကူညီပေးခဲ့ပါတယ် လူနာကိုအရေးပေါ်ကုသမှုတွေလုပ်ပေးပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးကိုပို့ပေးခဲ့ပါတယ်”ဟုထားဝယ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်နေရာနှင့် အ.ထ.က(၃)ကျောင်းအနီးတဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များမှ ဗုံးများထပ်မံထောင်ထားခြင်းရှိ၊မရှိအား လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here