ရွှေပြည်သာမြို့နယ်ရှိ ရပ်ကျေးရုံးအတွင်းသို့ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးမှုနှင့်ဒဏ်ရာရမှုများရှိ

0
209

ရွှေပြည်သာမြို့နယ်ရှိ ရပ်ကျေးရုံးအတွင်းသို့ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးမှုနှင့်ဒဏ်ရာရမှုများရှိ

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်၊ဏ/၁၄ ရပ်ကွက် ၏ ရပ်ကျေးအုပ်ချုပ်ရေးရုံးအတွင်းသို့ မေ ၂၈ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခွဲခန့်က သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ဏ/၁၄ ရပ်ကွက်၏ ရပ်ကျေးရုံးအတွင်း၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ရပ်ကျေးအဖွဲ့ဝင်အချို့သည် ရုံးလုပ်ငန်းများပြုလုပ်နေစဥ် အမည်မသိအမျိုးသား ၄ ဦးမှဝင်ရောက်လာပြီးနောက် သေ နတ်များဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးဦးလင်းအောင်ရယ် ရပ်ကွက်ရုံးက အဖွဲ့ဝင် ၃ ယောက်ရယ် ရုံးအလုပ်တွေလုပ်နေတုန်းဝင်ပစ်သွားကြတာ သိပ်မကြာဘူးပစ်ပြီးတာနဲ့ထွက်ပြေးသွားကြတယ် သေနတ်သံတွေက တော့ဆူညံသွားတာပဲ”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သဖြင့် လူမှုကူညီရေးအသင်းများမှ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“သေတဲ့လူကဘယ်သူ ဒဏ်ရာရတဲ့လူကဘယ်သူဆိုတာတော့ မသိပါဘူး သွားလည်းမကြည့်ရဲဘူး စစ်ဆေးတာတွေလုပ်နေတော့ ကြားရသလောက်ဆိုရင် တစ်ယောက်ကတော့ပစ်ခံရတဲ့နေရာမှာပဲသေသွားတယ်လို့ကြားတယ်”ဟုရပ်ကွက်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များမှ လမ်းများအားယာယီပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here