နေပြည်တော် သုခတော်ဝင်အိမ်ရာမှ တိုက်ခန်း ၁၂၈ ခန်းအား မဲစနစ်ဖြင့်ရောင်းချပေးသွားမည်

0
258

နေပြည်တော် သုခတော်ဝင်အိမ်ရာမှ တိုက်ခန်း ၁၂၈ ခန်းအား မဲစနစ်ဖြင့်ရောင်းချပေးသွားမည်

နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်၊သုခသိဒ္ဓိရပ်ကွက်၊ပျဥ်းမနား-တောင်ညိုလမ်းဘေး(မြို့မစျေး)အနီး မြေ ၂၃၀ ဧကတွင်တည်ဆောက်လျက်ရှိသည့် သု ခတော်ဝင်အိမ်ရာမှ တိုက်ခန်း ၁၂၈ ခန်းအား မဲစ နစ်ဖြင့်ရောင်းချပေးသွားမည်ဟု သုခတော်ဝင်အိမ်ရာစီစစ်‌နေရာ ချထားရေးဆပ်ကော်မတီမှ ကြေညာခဲ့သည်။

သုခတော်ဝင်အိမ်ရာရှိ S-5 , S-6 , Y-1 , Y-2 , Y-3 , Y-4 , Y-5 , Y-6 တိုက်များမှ တိုက်ခန်းများအား မြေ ညီထပ် ကျပ်သိန်း ၃၅၀ ၊ပထမထပ် ကျပ်သိန်း ၃၂၀ ၊ဒုတိယထပ် ကျပ်သိန်း ၂၅၀ ၊တတိယထပ် ကျပ်သိန်း ၂၁၀ ဖြင့်ရောင်းချပေးသွားမည်ဖြစ် သည်။

ထိုသို့ ဝယ်ယူရာတွင်လည်း တိုက်ခန်းလျှောက် ထားသူများသည် ဝယ်ယူလိုသည့်တိုက်ခန်းအ လိုက် တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအား နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၌ အာမခံစပေါ်ငွေအဖြစ် PO Cheque ဖြင့်ပေးသွင်းထားရမည်ဟု သုခတော်ဝင်အိမ်ရာစီစစ်နေရာချထားရေးဆပ်ကော်မတီမှကြေညာခဲ့သည်။

အာမခံစပေါ်ငွေအား မြေညီထပ် ၃၅ သိန်း၊ ပထမထပ် ၃၂ သိန်း၊ ဒုတိယထပ် ၂၅ သိန်းနှင့်တတိယထပ် ၂၁ သိန်း စီပေးသွင်းကာ ယင်း PO Cheque မူရင်းနှင့်မိတ္တူ ၁ စောင်ဖြင့် သုခတော်ဝင်အရောင်းကောင်တာ၌ တိုက်ခန်းလျှောက်လွှာ၊မှတ် ပုံတင်မိတ္တူ၊အိမ်ထောင်စုဇယားမိတ္တူတို့ဖြင့် ဇွန် ၁ ရက်မှ ၃၀ ရက်အတွင်း ရုံးဖွင့်ရက်များတွင် နံ နက် ၁၀ နာရီမှညနေ ၄ နာရီအတွင်း လာရောက်လျှောက်ထားရမည်ဖြစ်သည်။

ထိုသို့ ရောင်းချပေးရာတွင်လည်း လူတစ်ဦးလျင် တိုက်ခန်း ၁ ခန်းသာရောင်းချပေးသွားမည်ဖြစ်ကာ PO Cheque မူရင်းအား ပူးတွဲတင်ပြခြင်းမရှိသည့် လျှောက်လွှာများအား လက်ခံမည်မဟုတ်ကြောင်း သိရသည်။

ထို့ပြင် တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် တိုက် ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအား မဲပေါက်ပြီး ၇ ရက်အတွင်း သုခတော်ဝင်အိမ်ရာတည်ဆောက်ရေးစာရင်းရှင်အမှတ်(002-01-051-00049389) သို့ပေးသွင်းရမည်ဖြစ်သည်။

ယင်းသို့ ပေးသွင်းမှသာ တိုက်ခန်းနေရာချထားခြင်း အထောက်အထားလက်မှတ်ထုတ်ပေးမည်ဖြစ်ကာ ပေးသွင်းခြင်းမရှိသူများအား ဝယ်ယူခွင့်ပယ်ဖျက်၍ PO Cheque ဖြင့်ပေးသွင်းထားသည့် အာမခံစပေါ်ငွေအား ကော်မတီပိုင်အဖြစ်သိမ်းယူမည်ဟု ကြေညာခဲ့သည်။

တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းပေးသွင်းသူ များ၏ အာမခံစပေါ်ငွေ PO Cheque မူရင်းအား ၇ ရက်အတွင်းပြန်ထုတ်ပေးသွားမည်ဖြစ်ကာ တိုက် ခန်းဝယ်ယူခွင့်မရသူများ ပေးသွင်းထားသည့် အာ မခံစပေါ်ငွေ PO Cheque မူရင်းကိုမူ မဲနှိုက်ပြီး ၁၄ ရက်အတွင်းပြန်ထုတ်ပေးသွားမည်ဟု သိရသည်။

အလားတူ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများသည် ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းအား ၆ လအရစ်ကျပေးသွင်းရမည်ဖြစ်ကာ ပေးသွင်းရန်ပျက်ကွက်ပါက တိုက်ခန်းနေရာချထားခြင်းမှပယ်ဖျက်မည်ဖြစ်ပြီး ဘဏ်ချေးငွေဖြင့်ဝယ်ယူခြင်းအား ခွင့်မပြုဟု သုခတော်ဝင်အိမ်ရာစီစစ်နေရာချထားရေးဆပ်ကော်မတီမှ ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here