မော်လမြိုင်မြို့အနီး၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တစ်ခုတည်ဆောက်သွားမည်

0
223
မော်လမြိုင်မြို့အနီး၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တစ်ခုတည်ဆောက်သွားမည်
မွန်ပြည်နယ်၊မော်လမြိုင်မြို့အနီး၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တစ်ခုအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ တည် ဆောက်သွားမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမှ သိရသည်။
အဆိုပါ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်အား မော်လမြိုင်မြို့အနီးရှိ မုဒုံမြို့နယ်၊ဘလောက်ညောင်ဝိုင်းကျေးရွာနှင့်ဝဲကလီကျေးရွာကြား၌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တည် ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တည်ဆောက်ရန် ဖြစ်နိုင်ခြေလေ့လာဆန်း စစ်မှုများပြုလုပ်နိုင်ရန်အတွက် ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါခေါ်ထားသည်ဟု သိရသည်။
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ နိုင်ငံတကာနှင့်ကုန် သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်ရေးအား အများဆုံးအသုံး ပြုနေရသဖြင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်များအား တည်ဆောက်လျက်ရာ နိုင်ငံတကာကုန် သွယ်ရေကြောင်းသင်္ဘောများ တပြိုင်တည်းဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းတံတား ၄၅ စင်းရှိပြီဖြစ်ကြောင်း သိရသည်။
ယင်း အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၄၅ ခုမှာ ရန်ကုန်၊ကော့သောင်း၊မြိတ်၊မော်လမြိုင်၊ပုသိမ်၊သံတွဲ၊စစ်တွေနှင့်ကျောက်ဖြူမြို့များ၌ တည် ဆောက်ထားခြင်းဖြစ်သည်။
ထိုသို့ တည်ဆောက်ထားသော်လည်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင်သာ ပင်လယ်ရေကြောင်းကုန်သွယ်‌ရေးဖြင့် ကုန်သွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ပြီး ကျန်ဆိပ်ကမ်းများမှာ ပြည်တွင်းဆိပ်ကမ်းအဆင့်သာရှိသဖြင့် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တစ်ခုထပ်မံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here