လွိုင်ကော်မြို့ မီးရထားဘူတာရုံမှန်များအား ရိုက်ခွဲဖျက်ဆီးသူ ၆ ဦးအားဖမ်းဆီးရမိ ၁ ဦးသေဆုံး

0
168

လွိုင်ကော်မြို့ မီးရထားဘူတာရုံမှန်များအား ရိုက်ခွဲဖျက်ဆီးသူ ၆ ဦးအားဖမ်းဆီးရမိ ၁ ဦးသေဆုံး

ကယားပြည်နယ်၊လွိုင်ကော်မြို့၊လောဓမ္မရပ် ကွက်ရှိ မီးရထားဘူတာရုံမှမှန်များအား မေ ၂၇ ရက်မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က ရိုက်ခွဲဖျက်ဆီးသူ ၆ ဦးကိုဖမ်းဆီးရမိခဲ့ပြီး ၁ ဦးအားသေဆုံးလျက်ဖမ်းဆီးမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

မီးရထားဘူတာရုံအတွင်းသို့ အမျိုးသား ၂၀ ဦးခန့်ဝင်ရောက်လာပြီးနောက် မှန်များအားရိုက်ခွဲ ဖျက်ဆီးနေကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍တားဆီးခဲ့ကြသည်။

ထိုသို့ ပြုလုပ်စဥ် မီးရထားဘူတာရုံမှန်များအားရိုက်ခွဲဖျက်ဆီးနေသူများမှ တုတ်၊ဓားများဖြင့် ပြန် လည်ရန်ပြုခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထိုသို့ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့မှုကြောင့် နမ့်ဘော်ဝမ်(က)ရပ်ကွက်နေသူများဖြစ်သည့် နိုင်ဝင်းလှိုင်(၁၉)နှစ်၊စိုးထက်လင်း(၂၁)နှစ်၊ကိုဇော်(၁၅) နှစ်၊ထက်လင်းအောင်(၁၆)နှစ်၊ဇင်ဖြိုး(ခ)ဇင်ဘိုဟိန်း(၁၄)နှစ်နှင့်နေလင်းထွန်း(၁၅)နှစ်တို့အား ဓား ၂ လက်၊တုတ် ၂ ချောင်း၊အလံနီ ၂ ခု၊ဆိုင်ကယ် ၃ စီး၊စက်ဘီး ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ခြောက်လှန့်ပစ်ခတ်မှုတွင် ကြည်သာယာရပ်ကွက်နေ ငယ်လေး(ခ)နှာခေါင်းကြီး(၃၉) နှစ်တွင် ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိကာ အ ခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှ ဖမ်းဆီးရမိခဲ့သည့် ပြစ်မှုကျူးလွန်သူ များအား ဥပဒေအရအရေးယူရန်ဆောင်ရွက်လျက်ရှိကာ သေဆုံးသူနှင့်ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here