​ခြောက်ခြားဖွယ်လယ်​တောအိမ်အား ဒေါ်လာ တစ်သန်းခွဲ ဖြင့် ရောင်းချခဲ့

0
294

​ခြောက်ခြားဖွယ်လယ်​တောအိမ်အား ဒေါ်လာ တစ်သန်းခွဲ ဖြင့် ရောင်းချခဲ့

ဘာရီဗီးလ်၊ ​မေ ၂၈

ဒါရိုက်တာ ဂျိမ်းဝမ် ၏ ၂၀၁၃ ခုနှစ်ထွက် သည်းထိပ်ရင်ဖို ရုပ်ရှင် The Conjuring သည် ရိုဒ်ကျွန်း လယ်ယာ အိမ်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အား နမူနာယူ၍ရိုက်ကူးထားသည်။

အဆိုပါအိမ်သည် ရုပ်ရှင်ရိုက်ကူးရာတွင် ပါဝင်ခဲ့သည့် အိမ်မဟုတ်သော်လည်း ၁၉၇၀ ဝန်းကျင်က ထူးခြားသည့် သဘာဝလွန်ဖြစ်စဉ်များ ဆယ်စုနှစ်တခုကြာဖြစ်ပွားခဲ့သော
ပါရွန် မိသားစု၏ နေအိမ်ဖြစ်သည်။

ယင်းအိမ်အား အများပြည်သူကြည့်ရူနိုင်ဖို့ ဖွင့်လှစ်ရန် စီစဉ်နေသူ တစ်ဦးထံ ရောင်းချခဲ့သည်။

၁၈ ရာစုကတည်းက တည်ရှိနေသည့် ဘာရီဗီးလ်ရှိ ထိုလယ်ယာအိမ် သည် ကြာသပတေး နေ့ ( မေ လ ၂၆ ရက် ) တွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၂၅ သန်း ဖြင့် ရောင်းချခဲ့သည်။ မူရင်းခေါ်​စျေး အမေရိကန် ဒေါ်လာ ၁ ဒသမ၂ သန်းထက် ပိုများသည့်ငွေပမာဏဖြင့် အရောင်းထွက်ခဲ့ခြင်းဖြစ်သည်။

အိမ်ဝယ်ယူသူက အိမ်နှင့် ပတ်သက်သည့် သဘာဝလွန် ထူးကဲဖြစ်စဉ်များနှင့်အိမ်ကို စိတ်ဝင်စား​အောင်ဆက်လက်လုပ်ဆောင် ရန် စီစဉ်ထားသည် ။

လာ​ရောက်​လေ့လာမည့် ဧည့်သည်များအ​​နေဖြင့် ညဘက်တွင် ပုံမှန်မဟုတ်သော ထူးခြားဖြစ်စဉ်များကို စပ်စု နိုင်မည်ဖြစ်ကြောင်း၊ နေ့ဘက် ခရီးစဉ်များလည်း ပြန်လည်စတင်မည်ဖြစ်ကြောင်းနှင့် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်များလည်း ရှိမည်ဖြစ်ကြောင်း သိရသည်။

Source: AP/yy

 


LEAVE A REPLY

Please enter your comment!
Please enter your name here