ရေစကြိုမြို့နယ်တွင် ကျောင်းထိုင်ဆရာတော် ၁ ပါးအပါအဝင် ၃ ဦးသေနတ်ဖြင့်ပစ်သတ်ခံရကာ အလှူငွေများနှင့်ဘုန်းကြီးကျောင်းပိုင်ကား ၁ စီးအားလုယက်ယူဆောင်သွားဟု နစက ထုတ်ပြန်

0
144

ရေစကြိုမြို့နယ်တွင် ကျောင်းထိုင်ဆရာတော် ၁ ပါးအပါအဝင် ၃ ဦးသေနတ်ဖြင့်ပစ်သတ်ခံရကာ အလှူငွေများနှင့်ဘုန်းကြီးကျောင်းပိုင်ကား ၁ စီးအားလုယက်ယူဆောင်သွားဟု နစက ထုတ်ပြန်

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ဇယမကျေးရွာတွင် ကျောင်းထိုင်ဆရာတော် ၁ ပါး၊အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၁ ဦးတို့ မေ ၂၇ ရက်မွန်းလွဲပိုင်းက အကြမ်းဖက်အဖွဲ့များ၏ သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရသည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဇယမကျေးရွာအတွင်းသို့ အကြမ်းဖက်အဖွဲ့ဝင် ၃၀ ဦးခန့်မှ ကားများ၊ဆိုင်ကယ်များဖြင့်ဝင်ရောက်လာပြီးနောက် ကျေးရွာနေ ဦးဇော်ဝေ(၄၀)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်သင်းသင်းနွယ်(၄၀)နှစ်တို့အား နေအိမ်အတွင်း၌ သေနတ်ဖြင့်ပစ်သတ်ခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ပြင် အကြမ်းဖက်အဖွဲ့ဝင်များသည် ကျေးရွာဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ သောမာလေက သက်တော်(၆၁)နှစ်၊ဝါတော်(၄၁)ဝါအား သေနတ်ဖြင့်ထပ်မံပစ်သတ်ခဲ့ကြသည်။

ထို့နောက် ဘုန်းကြီးကျောင်းအတွင်းရှိသည့် အလှူငွေကျပ်သိန်း ၂၀၊ဖုန်းတစ်လုံးနှင့်ကျောင်းပိုင်ကားတစ်စီးတို့ကို လုယက်ယူဆောင်သွားခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ ပြစ်မှုကိူးလွန်သွသူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here