​မျောက်​ကျောက်ကာကွယ်​ရေးနှင့်သန့်ရှင်းလတ်ဆတ်သောမွေးမြူရေးထွက်ကုန်များဖြန့်ဖြူးနိုင်ရေး

0
128

​မျောက်​ကျောက်ကာကွယ်​ရေးနှင့်သန့်ရှင်းလတ်ဆတ်သောမွေးမြူရေးထွက်ကုန်များဖြန့်ဖြူးနိုင်ရေး

ရန်ကုန်၊ မေ ၂၈
ကမ္ဘာတဝှမ်း တွင်ကိုဗစ် ကူးစက်​ရောဂါ​ဘေး ခံထားရသဖြင့်နလန်ထူ​အောင်လုပ်​နေဆဲမှာပင် ​မျောက်​​ကျောက်​ရောဂါ သတိထားစရာ ဖြစ်လာ​နေပါပြီ။

​တောရိုင်းတိရိစ္ဆာန်အသား နှစ်သက်သူများ၊ အသားစိမ်း ငါးစိမ်း စားတတ်သူများ၊ အသားကို မကျက်တကျက်စားတတ်သူများ ပို၍ သတိထား ဆင်ခြင်ရမည့်ကာလဖြစ်သည်။

ထို့ပြင် ​တောရိုင်းတိရိစ္ဆာန်​လေးများကို ချစ်၍ အိမ်​မွေး တိ​လေးများအဖြစ်အနီးကပ်နေထိုင်သူများလည်း သတိရှိရ​တော့မည်ဖြစ်သည်။

​စျေးများတွင်​ရောင်း​နေ​သော အသားများကိုသန့်ရှင်းလတ်ဆတ်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် အသား
ဖြစ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန၊တိရစ္ဆာန်ဆေးကုသရေးဌာနခွဲကလည်းယခင်ထက်ပို စီစစ်လျက်ရှိ​နေသည်။

မွေးမြူရေးထွက်ကုန်များစားသုံးသူထံသန့်ရှင်းစွာဖြန့်ဖြူးပေးနိုင်ရန်အတွက် အသားထုတ်လုပ်ရုံများတည်ထောင်ခြင်း၊ လိုင်စင်စီများခွင့်ပြုခြင်း၊ကြီးကြပ်ခြင်း၊ကြပ်မတ်ထိန်းသိမ်းခြင်းများအပြင် ထွက်ရှိသည့်အသားများရောဂါကူးစက်မှုရှိမရှိ ဓါတ်ခွဲခန်းတွင်စမ်းသပ်ပြီးမှသာဖြန့်ဖြူးလျက်ရှိသည်ဟုသိရသည်။

တိရစ္ဆာန်မှကူးစက်သည့်ရောဂါများကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်သန့်ရှင်းလတ်ဆတ်သော အသားအမျိုးမျိုးနှင့်မွေးမြူရေးထွက်ကုန်များစားသုံးသူပြည်သူများထံဖြန့်ဖြူးပေးနိုင်ရေးစည်ပင်ကကြပ်မတ်စစ်ဆေးဆောင်ရွက်​နေကြသည်။

ပုံမှာအသားများကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိစစ်ဆေးသည့်ဓါတ်ခွဲခန်းတွင်လုပ်ငန်းဆောင်ရွက်နေမှုများကိုစစ်ဆေး​နေပုံဖြစ်သည်

 


LEAVE A REPLY

Please enter your comment!
Please enter your name here