မျောက်ကျောက်ကာကွယ်ရေးနှင့်သန့်ရှင်းလတ်ဆတ်သောမွေးမြူရေးထွက်ကုန်များဖြန့်ဖြူးနိုင်ရေး
ရန်ကုန်၊ မေ ၂၈
ကမ္ဘာတဝှမ်း တွင်ကိုဗစ် ကူးစက်ရောဂါဘေး ခံထားရသဖြင့်နလန်ထူအောင်လုပ်နေဆဲမှာပင် မျောက်ကျောက်ရောဂါ သတိထားစရာ ဖြစ်လာနေပါပြီ။
တောရိုင်းတိရိစ္ဆာန်အသား နှစ်သက်သူများ၊ အသားစိမ်း ငါးစိမ်း စားတတ်သူများ၊ အသားကို မကျက်တကျက်စားတတ်သူများ ပို၍ သတိထား ဆင်ခြင်ရမည့်ကာလဖြစ်သည်။
ထို့ပြင် တောရိုင်းတိရိစ္ဆာန်လေးများကို ချစ်၍ အိမ်မွေး တိလေးများအဖြစ်အနီးကပ်နေထိုင်သူများလည်း သတိရှိရတော့မည်ဖြစ်သည်။
စျေးများတွင်ရောင်းနေသော အသားများကိုသန့်ရှင်းလတ်ဆတ်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် အသား
ဖြစ်ဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာန၊တိရစ္ဆာန်ဆေးကုသရေးဌာနခွဲကလည်းယခင်ထက်ပို စီစစ်လျက်ရှိနေသည်။
မွေးမြူရေးထွက်ကုန်များစားသုံးသူထံသန့်ရှင်းစွာဖြန့်ဖြူးပေးနိုင်ရန်အတွက် အသားထုတ်လုပ်ရုံများတည်ထောင်ခြင်း၊ လိုင်စင်စီများခွင့်ပြုခြင်း၊ကြီးကြပ်ခြင်း၊ကြပ်မတ်ထိန်းသိမ်းခြင်းများအပြင် ထွက်ရှိသည့်အသားများရောဂါကူးစက်မှုရှိမရှိ ဓါတ်ခွဲခန်းတွင်စမ်းသပ်ပြီးမှသာဖြန့်ဖြူးလျက်ရှိသည်ဟုသိရသည်။
တိရစ္ဆာန်မှကူးစက်သည့်ရောဂါများကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်သန့်ရှင်းလတ်ဆတ်သော အသားအမျိုးမျိုးနှင့်မွေးမြူရေးထွက်ကုန်များစားသုံးသူပြည်သူများထံဖြန့်ဖြူးပေးနိုင်ရေးစည်ပင်ကကြပ်မတ်စစ်ဆေးဆောင်ရွက်နေကြသည်။
ပုံမှာအသားများကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိစစ်ဆေးသည့်ဓါတ်ခွဲခန်းတွင်လုပ်ငန်းဆောင်ရွက်နေမှုများကိုစစ်ဆေးနေပုံဖြစ်သည်