ကိုယ်ပိုင်ကျောင်း၅၀အပါအဝင်အခြေပညာကျောင်းပေါင်း၃၂၀၀ကျော်ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ်မည်

0
69

ကိုယ်ပိုင်ကျောင်း၅၀အပါအဝင်အခြေပညာကျောင်းပေါင်း၃၂၀၀ကျော်ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ်မည်

ယခုနှစ်၂၀၂၂-၂၀၂၃ပညာသင်နှစ်မှာ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းပေါင်း ၃၃၁၈ကျောင်းဖွင့်လှစ်သွားမည်ဟု ရခိုင် ပြည်နယ်ပညာရေးမှူးရုံးက သိရသည်။

ဖွင့်လှစ်သွားမည့်ကျောင်းများမှာ အခြေခံပညာ မူလတန်း၊အလယ်တန်းနှင့်အထက်တန်းကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း ၅ဝ ၊ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈ဝ တို့ ဖြစ်ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း ၂ဝ၁၇ ခုနှစ်အတွင်း မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်းကောင်း ၊၂ဝ၁၈ ခုနှစ်နောက်ပိုင်း ရသေ့တောင်နှင့် ကျောက်တော် မြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်လည်းကောင်း ယာယီ ပိတ်ထားခဲ့ရသော စာသင်ကျောင်းများကိုမူ ယခုနှစ်တွင်ဖွင့်လှစ်နိုင်မည်မဟုတ်ဟုလည်းသိရှိရသည်။

စာရင်းများအရ ရခိုင်ပြည်နယ်တွင် ယာယီပိတ်ထားရသည့် စာသင်ကျောင်းပေါင်း ၁၂၂ ကျောင်း ရှိသည်ဟုသိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here