ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းထောင်ချီတန်ဖိုးရှိ ဘိန်းဖြူများနှင့်လက်နက်များ ဖမ်းဆီးရမိ

0
188

ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်းထောင်ချီတန်ဖိုးရှိ ဘိန်းဖြူများနှင့်လက်နက်များ ဖမ်းဆီးရမိ

မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်၊၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မော်တော်ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း၈၀၀၀ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်လက်နက်များကို မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မေလ၂၄ရက် မွန်းလွဲ၁နာရီခန့်က မန္တလေးခရိုင်၊ပုသိမ်ကြီးမြို့နယ်၊၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ပြင်ဦးလွင်မှ မန္တလေးဘက်သို့ သီဟအောင် မောင်းနှင်လာသည့် Hino ၆ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၈၂၅၀  တန်ဖိုးရှိ ဘိန်းဖြူ ၃၃ ကီလိုနှင့် M 22 သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဘိန်းဖြူများနှင့် လက်နက်ခဲယမ်းများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ဘိန်းဖြူများနှင့်လက်နက်ခဲယမ်းများကို သယ်ဆောင်လာသူဖြစ်သည့် သီဟအောင်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ၊တရားမဝင် လက်နက်ခဲယမ်းနှင့်သက်ဆိုင်သော ဥပဒေများဖြင့် အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here