ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန်အတွက် ဘိုရင်းလေယာဉ်တစ်စင်း ထပ်မံရောက်ရှိလာ

0
162

ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန်အတွက် ဘိုရင်းလေယာဉ်တစ်စင်း ထပ်မံရောက်ရှိလာ

မြန်မာအမျိုးသား လေကြောင်းမှ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန်အတွက် Boeing 737-800 NG (XYALV)လေယာဉ်တစ်စင်း ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီဟုသိရသည်။

လက်ရှိရှိနေသည့် ဘိုးရင်းတစ်စင်းနှင့် မလောက်တော့သည့်အတွက်ကြောင့် နောက်ထပ် တစ်စင်းကိုငှားရမ်းပြီးပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကာ Dubai Aerospace Enterprise ကုမ္ပဏီလီမိတက်နှင့် အဆက် အသွယ်ရပြီး ယခုရောက်ရှိလာသည့် ဘိုးရင်း လေယာဉ်ပျံအား ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

မေလ ၂၇ရက်က ရောက်ရှိလာသည့် ယခု လေယာဉ်အား မြန်မာအမျိုးသား လေကြောင်းက အာရှပစိဖိတ် အတွင်းရှိ နိုင်ငံများသို့ ပိုမိုပျံသန်း ပြေးဆွဲသွားမည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here