ဗြိတိန်ကဦးဆောင်ပြုစုခဲ့သည့် မြန်မာနှင့်ဆိုင်သည့် ကြေညာချက်မူကြမ်း တရုတ်နှင့်ရုရှားကန့်ကွက်

0
93

ဗြိတိန်ကဦးဆောင်ပြုစုခဲ့သည့် မြန်မာနှင့်ဆိုင်သည့် ကြေညာချက်မူကြမ်း တရုတ်နှင့်ရုရှားကန့်ကွက်

မြန်မာ့အရေးနှင့်ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ကြေညာချက်တစ်ရပ်ထုတ်ဖို့ အဖွဲ့ဝင်နိုင်ငံအချို့၏ ကြိုးပမ်းချက်အား တရုတ်နှင့် ရုရှားကန့်ကွက်ခဲ့သည့်အတွက် ကြေညာချက်ထုတ်ပြန်ဖို့အရေး အထမမြောက် ပျက်ပြယ်သွားခဲ့ကြောင်း ဗီအိုအေသတင်းဌာန၏ ဖော်ပြရေးသားချက်များအရသိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလကစပြီး ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးပြဿနာ၊ လက်နက်ကိုင် ပဋိပက္ခ၊ လူသားချင်းစာနာမှု အကျပ်အတည်းစသည်များအား ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ဗြိတိန်နိုင်ငံက ဦးဆောင်ကာ ဆုံးဖြတ်ချက် မူကြမ်းတစ်ခုကိုဆောင်ရွက်ခဲ့ရာ ထိုထဲတွင်ပါသော အသုံးအနှုန်းတို့အား တရုတ်နှင့်ရုရှားက ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် ကြေညာချက်ထုတ်မည့် အစီအစဉ် ပျက်ခဲ့ရခြင်းဖြစ်သည်ဟုသိရသည်။

ကြေညာချက်မူကြမ်းထဲတွင် မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကြိုးပမ်းရာတွင် အာဆီယံ၏အခန်းကဏ္ဍ အပေါ်အလေးထားကြောင်းနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် သက်ဆိုင်သူများ အားလုံးနှင့် ဆွေးနွေးနိုင်အောင် ကြိုးပမ်းဖို့တိုက်တွန်းချက်လည်းပါသည်ဟု ဗီအိုအေက ဖော်ပြသည်။

ဗီအိုအေက “ အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေရတာ အပါအဝင် တိုးတက်မှုတွေ အကန့်အသတ်နဲ့သာ ရှိနေတယ်ဆိုပြီး မူကြမ်းမှာ ဖော်ပြထားတာကို တရုတ်နိုင်ငံက တိုးတက်မှုတွေ နှေးကွေးနေတယ်လို့ ပြင်ဆင်ဖို့ ပြောဆိုရာက မူကြမ်းပြုစုတဲ့ ဗြိတိန်နဲ့ သဘောထားကွဲခဲ့ကြတာလို့လည်း ကြေညာချက်မူကြမ်းနဲ့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး AP နဲ့ AFP သတင်းတွေက ဖော်ပြခဲ့ကြတယ်”ဟု ဖော်ပြခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here