တာ့ခ်ခရိုင်ရှိ မြို့နယ် ၂ ခုတွင် ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာ နိုင်ငံသား ၆၃ ဦး ၂ ရက်အတွင်းဖမ်းဆီးခံရ

0
197

တာ့ခ်ခရိုင်ရှိ မြို့နယ် ၂ ခုတွင် ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာ နိုင်ငံသား ၆၃ ဦး ၂ ရက်အတွင်းဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်ရှိ ဝမ်ကျောက်မြို့နယ်နှင့်မဲဆောက်မြို့နယ်တို့တွင် တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၆၃ ဦးနှင့်ထိုင်းနိုင်ငံသား ကားမောင်းသူ ၁ ဦးတို့အား ထိုင်းနိုင်ငံတာဝန်ရှိသူများမှ မေ ၂၇ ရက်နှင့် ၂၈ ရက်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဝမ်ကျောက်မြို့နယ်အတွင်း မေ ၂၈ ရက်က ဝင်လာသည့်ကား ၂ စီးအား ထိုင်းတပ်မတော်မှစစ် ဆေးရန်ရပ်တန့်ခိုင်းစဥ် ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ကြသည်။

ထိုသို့ ဖမ်းဆီးရာ ကား ၁ စီးအားဖမ်းဆီးရမိခဲ့ပြီး ကျန် ၁ စီးမှာမောင်းနှင်လွတ်မြောက်သွားခဲ့သဖြင့် ဖမ်းဆီးရမိခဲ့သည့်ကားအားစစ်ဆေးရာ ထိုင်းနိုင်ငံသားကားမောင်းသူ ၁ ဦးနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့်အမျိုးသမီး ၃ ဦးတို့အားတွေ့ရှိခဲ့ရသဖြင့် ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ရဲစခန်းသို့ပို့ဆောင်ခဲ့သည်။

အလားတူ မေ ၂၇ ရက်ညပိုင်းက တာ့ခ်ခရိုင်နယ် စပ်လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များမှ ကင်းလှည့်စစ် ဆေးစဉ် မဲဆောက်မြို့၊မဲသောင်ကျေးရွာရှိ ကြံစိုက်ခင်းတစ်ခုအတွင်း တရားမဝင်နိုင်ငံသားများရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာပြီး ပွဲစားမှစွန့်ပစ်သွားခဲ့သည့် မြန်မာနိုင်ငံသား ၅၂ ဦးအားဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးခံရသူများအား စစ်ဆေးချက်အရ ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၈၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် မဲဆောက်မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံသားတွေနေ့တိုင်းနီးပါးဖမ်းခံရတဲ့သ တင်းတွေကိုကြားနေတွေ့နေရတယ် ထိုင်းမှာအ လုပ်လာလုပ်ချင်တဲ့မြန်မာနိုင်ငံသားတွေကိုပြောချင်တာကတော့ အခုလိုတရားမဝင်ဝင်လာတာက ကိုယ့်အတွက်အာမခံချက်မရှိဘူး အခု MoU အ လုပ်သမားတွေကိုလည်းနေ့တိုင်းခေါ်နေပြီဖြစ်တာကြောင့် စိတ်ရှည်ရှည်နဲ့စောင့်ပေးဖို့ပြောချင်ပါတယ် ကုန်ကျစရိတ်ကလည်းသိပ်မကွာဘူး တ ရားဝင်လာပြီးအလုပ်လုပ်တာဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်နဲ့စိတ်အေးအေးအလုပ်လုပ်လို့ရပါတယ် အာမခံချက်လည်းရှိတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here