ပဲခူးတိုင်းအတွင်း တရုတ်နှင့်ဂျပန်တို့၏ ရင်းနှီးမြှပ်နှံမှုထပ်တိုး၊အလုပ်အကိုင် ၁၅၀၀နီးပါးရရှိမည်ဟုဆို

0
211

ပဲခူးတိုင်းအတွင်း တရုတ်နှင့်ဂျပန်တို့၏ ရင်းနှီးမြှပ်နှံမှုထပ်တိုး၊အလုပ်အကိုင် ၁၅၀၀နီးပါးရရှိမည်ဟုဆို

ပဲခူးတိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် Wearted Seam Garment Manufacturing Co., Ltd (CMP) က အထည်ချုပ်လုပ်ငန်းစက်ရုံအသစ်တစ်ခု လာရောက်၍ ရင်းနှီးမြှပ်နှံမည့်အပြင်ဂျပန်နိုင်ငံ အခြေစိုက် Bago SportGloves Co., Ltd မှ (CMP)ကလည်း လက်အိတ်အမျိုးမျိုး ထုတ်လုပ်သည့် စက်ရုံအသစ် ထပ်မံတိုးချဲ့သွားရန် အဆိုပြုတင်ပြလာမှုအား သက်ဆိုင်ရာက လက်ခံလိုက်ပြီဟု တိုင်းရင်းနှီးမြှပ်နှံမှုကော်မတီထံက သိရသည်။

ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ ၃ ဒသမ ၁ သန်းဖြစ်ပြီး၊တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၃ သန်းဖြစ်သည်ဟုသိရသည်။

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက တိုင်းဒေသကြီးအတွင်း နိုင်ငံခြား သားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်း တိုးမြှင့်ဝင်ရောက်ခဲ့၍ ဒေသတွင်း အလုပ် အကိုင်အခွင့်အလမ်း ၁၄၅၀ ထပ်မံဖန်တီးပေးနိုင်မည်ဟု ပြောဆိုထားသည်။

တိုင်းအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလအထိ နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၇၁၂ သန်းနှင့်
မြန်မာကျပ်ငွေ ၉၅၂၉ ဒသမ ၁၅ သန်းဝင်ရောက်ခဲ့ပြီး | အလုပ်အကိုင်အခွင့်အလမ်း ၇၄၅၈ ဦး ဖန်တီးပေး နိုင်ခဲ့ကြောင်း တိုင်းရင်းနှီးမြှပ်နှံမှုကော်မတီထံက သိရသည်။

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here