နိုင်ငံတကာအထူးရထားဖြင့် တင်ဆောင်လာသည့် ကုန်ပစ္စည်းများ ချင်းရွှေဟော်သို့ စတင်ရောက်ရှိလာ

0
142

နိုင်ငံတကာအထူးရထားဖြင့် တင်ဆောင်လာသည့် ကုန်ပစ္စည်းများ ချင်းရွှေဟော်သို့ စတင်ရောက်ရှိလာ

တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်လိုက်သော ပထမအသုတ် ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံနယ်စပ်သို့ ဝင်ရောက်လာပြီဖြစ်သည်။

မြန်မာဒေသစံတော်ချိန် မေလ ၂၈ ရက်နေ့တွင် ပထမအသုတ် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှတဆင့် ချင်းရွှေဟော် နယ်စပ်ဂိတ်ကို ဖြတ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်မီဒီယာတစ်ခုဖြစ်သည် CRIမှသိရသည်။

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများမှာ စက်ယန္တရားများ၊ အီလက်ထရွန် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများအပါအဝင် စုစုပေါင်း ကုန်သေတ္တာ ၆၀ ရှိကြောင်းသိရသည်။ ၎င်းကုန်ပစ္စည်းများအား နိုင်ငံတကာအထူးရထားဖြင့် မေလ ၂၃ရက်နေ့က တရုတ်နိုင်ငံ ချုံချင့်မြို့မှ စတင် ပို့ဆောင်ပြီး ယူနန်ပြည်နယ် လင်ဆောင်းမြို့သို့ ရောက်ရှိပြီးနောက် ကုန်းလမ်းဖြင့် ချိန်းပြောင်းပို့ဆောင်ကာ ဇွန်လ ပထမ ၁၀ ရက်ပိုင်းတွင် မြန်မာနိုင်ငံမန္တလေးမြို့သို့ အရောက်ပို့ဆောင်မည်ဟုသိရသည်။

သမားရိုးကျလမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ဤပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်ချိန်က ရက်ပေါင်း ၂၀ သက်သာစေနိုင်ပြီး ပို့ဆောင်ရေးကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းလျော့နည်းစေနိုင်ကြောင်းလည်း သိရသည်။

ချုံချင့်-လန်ချန်း-မြန်မာ ကုန်သွယ်မှုလမ်းကြောင်းက မြန်မာ-တရုတ် ကုန်သွယ်မှုမြှင့်တင်ရေး၌ အရေးပါသည့် စီးပွားရေးစင်္ကြန်အသစ် (new economic corridor) တစ်ခုဖြစ်လာဟု မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနကမှတ်ချက်ပြု ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here