ဖားကန့်မြို့နယ်၌ ငွေကျပ်သိန်း ၇၅၀၀ ခန့်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

0
76

ဖားကန့်မြို့နယ်၌ ငွေကျပ်သိန်း ၇၅၀၀ ခန့်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ယူမာကျေးရွာတွင် မေ ၂၃ ရက်နေ့လည် ၃ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

သတင်းအရ ယူမာကျေးရွာတွင် ဝင်းဦး မောင်းကာ မမူဒါန်နှင့်တေဇာလင်းတို့ လိုက်လာသည့် Pajero ကားအားစစ်ဆေးရှာဖွေရာ ကားပေါ်မှဆပ်ပြာခွက် ၃၃၀၀ ခွက်အတွင်းထည့်ထားသည့် ဘိန်းဖြူ(၁၉ ဒသမ ၈ ကီလို)အား ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယူမာကျေးရွာရှိ စားသောက်ဆိုင်၌ ဘိန်းဖြူများအားသယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် ထွန်းထွန်းထိုက်နှင့်မနန်းမိုးမိုးအေး၊ဆိပ်မူကျေးရွာရှိ မအေးပန့်၏နေအိမ်၌ ကျန်ရှိနေသေးသည့် ဘိန်းဖြူ(၉ ဒသမ ၉ ကီလို)တို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် နေရာ ၂ ခုမှ ငွေကျပ် ၇၄၂၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ(၂၉ ဒသမ ၇ ကီလို)အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဘိန်းဖြူများအား ရှမ်းပြည်(တောင်ပိုင်း) မှကချင်ပြည်နယ်သို့ သယ်ဆောင်လာခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှ စစ်ဆေးသိရှိခဲ့ရသည်။

ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here