ရုရှ-ယူကရိန်းနဲ့တရုတ်-ထိုင်ဝမ် ပဋိပက္ခများအ​ပေါ် ဟွန်ဆန်၏သ​ဘောထား

0
227

ရုရှ-ယူကရိန်းနဲ့တရုတ်-ထိုင်ဝမ် ပဋိပက္ခများအ​ပေါ် ဟွန်ဆန်၏သ​ဘောထား

ဖနွမ်းပင်၊​မေ ၃၀

ကမ္ဘောဒီးယားနိုင်ငံ၏ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က ၎င်းတို့အနေဖြင့် ပြည်နယ်ခွဲထွက်ရေးနှင့် အခြားနိုင်ငံများသို့ အင်အားသုံးခြင်းများအား အားပေး‌အားမြှောက်မပြုကြောင်း ပြောကြားခဲ့သည်။

အဆိုပါမှတ်ချက်ကို ဂျပန်တွင်ကျင်းပ​နေ​သော အာရှအနာဂတ် ညီလာခံ တွင်အွန်လိုင်းမှ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွက်ညီလာခံ၏ အဓိကအကြောင်းအရာမှာ “မတူကွဲပြားမူရှိ​သောကမ္ဘာ​ပေါ်က တမူထူး​သောအာရှ၏အခန်းကဏ္ဍ” ဟူ၍ဖြစ်သည်။

ယူကရိန်းအရေးနှင့်ပတ်သက်၍လည်း ရုရှား၏လုပ်​ဆောင်ချက်ကို ကမ္ဘောဒီးယားအနေဖြင့် သုံးကြိမ်တိုင်တိုင်ဆန့်ကျင်မဲထည့်ခဲ့ပြီး ဖြစ်သည်။

ရုရှားအနေဖြင့် ကမ္ဘောဒီးယားအပေါ် ကူညီထောက်ပံ့မှုများရှိခဲ့သည်မှာမှန်သော်လည်း ကူညီတာ တကဏ္ဍ ၊လွတ်လပ်​ရေးဆိုင်ရာနိုင်ငံတကာဓ​လေ့ထုံးတမ်းက တကဏ္ဍ မတူပါ ဟုဝန်ကြီးချုပ်ကဆိုခဲ့သည်။

အမေရိကန်၊ပြင်သစ်နှင့်ယူကရိန်းမှရေးဆွဲခဲ့သော ရုရှား – ယူကရိန်းအရေးမူကြမ်းတွင် ၎င်းတို့အနေဖြင့် ယူကရိန်းဘက်မှရပ်တည်ဆန္ဒပြုခဲ့ပြီး ရုရှား၏ဥပဒေမူကြမ်းကိုတော့ကန့်ကွက်ခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် ကမ္ဘောဒီးယားအနေဖြင့် ရုရှားကိုဆန့်ကျင်လျက်ယူကရိန်းဘက်မှသုံးကြိမ်တိုင်တိုင်ရပ်တည်ခဲ့ပြီးဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

ကမ္ဘောဒီးယားအနေဖြင့် ထိုင်ဝမ်တွင်ဖြစ်ပေါ်နေသော စစ်ရေးဆိုင်ရာစွက်ဖက်မှုအပေါ်တွင်မူ စိုးရိမ်ပူပန်မိသည်ဟုဆိုသည်။ရုရှား – ယူကရိန်း အရေးနှင့် တရုတ် – ထိုင်ဝမ် အရေးတို့သည်မတူညီသည့်အခြေအနေများဖြစ်သည်ဟုလည်းဆိုသည်။

“ရုရှား – ယူကရိန်း ပဋိပက္ခက တရုတ် – ထိုင်ဝမ် ပဋိပက္ခ နဲ့ နှိုင်းလို့မရပါဘူး။ဒီနေရာမှာအခြေနေနှစ်ခုကိုယှဉ်ပြောတာတော့ကျွန်တော် လက်မခံပါဘူး၊တကယ်လို့ထိုင်ဝမ်သာလွတ်လပ်‌ရေးကိုမ‌ကြေညာဘူးဆိုရင်တရုတ်အနေနဲ့ထိုင်ဝမ်ကို အကြောင်းမဲ့စစ်ရေးကျူးကျော်မှုလုပ်လို့ရမှာမဟုတ်ပါဘူး၊အဲ့လိုအကြောင်းမဲ့ ကျူးကျော်ရလောက်အောင်အထိလည်းတရုတ်နိုင်ငံကမိုက်ကန်းမှာမဟုတ်ဘူးလို့လည်းကျွန်တော်ထင်ပါတယ်”ဟု သုံးသပ်ပြောဆိုခဲ့သည်။

“အချို့နိုင်ငံတွေအနေနဲ့လည်း မီးလောင်ရာလေပင့်မလုပ်မိဖို့အရေးကြီးပါတယ်။ထိုင်ဝမ်ကိုလွတ်လပ်ရေးကြေညာဖို့အားပေးအားမြှောက်လုပ်တာဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ဒါဟာအန္တရာယ်များတဲ့စွန့်စားမှုတစ်ခုပဲဖြစ်တယ်လို့ အာဆီယံတွင်းရော၊အာဆီယံပြင်ပကမိတ်ဖတ်နိုင်ငံတွေကိုပါ ကျွန်တော်သတိပေးချင်ပါတယ်” ဟုလည်းပြောကြားခဲ့သည်။

နီ​ကေး၏ နှစ်စဉ်အာရှအနာဂတ် ညီလာခံကို ကြာသပတေးနေ့က စင်္ကာပူဝန်ကြီးချုပ်မစ္စတာ လီရှန်လွန်း၊မလေးရှားဝန်ကြီးချုပ် အစ္စမေးဆဘရီရာကော့ဘ်နှင့် ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ် မစ္စတာ ပရာရွတ်ချန်အိုချာတို့၏ မိန့်ခွန်းများဖြင့်ဖွင့်လှစ်ခဲ့သည်။

အာရှအနာဂတ်အစီအစဥ်သည် အာရှ – ပစိဖိတ်ဒေသရှိ နိုင်ငံရေး၊စီးပွားရေးနှင့် ပညာရေးခေါင်းဆောင်များတွေ့ဆုံပြီး ဒေသတွင်းပြဿနာများနှင့်ကမ္ဘာပေါ်ရှိ အာရှ၏အခန်းကဏ္ဍဆိုင်ရာကိစ္စရပ်များအတွက် လွတ်လပ်ပွင့်လင်းစွာဆွေးနွေးကြသော နိုင်ငံတကာတွေ့ဆုံပွဲတစ်ခုဖြစ်သည်။

၁၉၉၅ ခုနှစ်မှစကာ နီ​ကေးမှတာဝန်ယူကျင်းပခဲ့သော ယခုပွဲသည် အာရှ၏အရေးကြီးဆုံး ကမ္ဘာလုံးဆိုင်ရာညီလာခံတစ်ခုအနေဖြင့်ယူဆထားကြသည်။

Source – Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here