CNPFD ကွန်ရက်က လက်နက်ကိုင်နယ်မြေများတွင် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အထောက်အပံံ့များအမြန်ဆုံးပေးအပ်ရန် ဆုံးဖြတ်

0
215

CNPFD ကွန်ရက်က လက်နက်ကိုင်နယ်မြေများတွင် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အထောက်အပံံ့များအမြန်ဆုံးပေးအပ်ရန် ဆုံးဖြတ်

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အရပ်ဖက်အဖွဲ့အစည်းများကွန်ရက်(CNPFD) က လက်နက်ကိုင်နယ်မြေများတွင် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အထောက်အပံံ့များအမြန်ဆုံးပေးအပ်ရန် ဆုံးဖြတ်ချက်ချထားကြောင်း အဆိုပါကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးက ပြောသည်။

“ လူသားချင်းဆိုင်ရာအထောက်အပံံ့တွေပေးနိုင်ရေးအတွက် EAOs အဖွဲ့တွေ စိုးမိုးတဲ့ နယ်မြေတွေမှာ ဒုက္ခရောက်နေတဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို သူတို့နဲ့ပေါင်းပြီး အမြန်ဆုံအကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။” ဟု ဆိုသည်။

အဆိုပါ ကွန်ရက်အနေဖြင့် ပြီးခဲ့သော မေ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ၊ ဂရင်းဟောလ်ဟိုတယ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ( PPST) နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကွန်ရက်ကော်မတီဝင်တို့ ထပ်မံဆွေးနွေးကာ အချက်သုံးချက်ပါ သဘောထား ထုတ်ပြန်ချက်တစ်စောင်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ထိခိုက်ခံစားနေရသော ပြည်သူလူထုအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်အပါအဝင် အရပ်သားပြည်သူများ ကာကွယ်စောင့်ရှောင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်ရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ကွန်ရက်အနေဖြင့် သက်ဆိုင်ရာ အစုအဖွဲ့များကို တိုက်တွန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

CNPFD ကွန်ရက်အနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်း ရေးအတွက် ဒေသအသီးသီးမှ ငြိမ်းချမ်းရေးလုပ်ဆောင်နေသော ပြည်တွင် အရပ်ဖက် အဖွဲ့အစည်းများ ဖြစ်ဖွဲ့စည်းထားသော ကွန်ရက် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here