YBS 128 ခရီးသည်တင်ကားလိုင်းသစ်အား ဇွန် ၁ ရက်မှစတင်၍ ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်

0
2319

YBS 128 ခရီးသည်တင်ကားလိုင်းသစ်အား ဇွန် ၁ ရက်မှစတင်၍ ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်

ဗန္ဓုလအများပိုင်ကုမ္ပဏီလီမိတက်မှ ဒဂုံတက္က သိုလ်တွင်တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများနှင့်ခရီးသွားများ သွားလာရအဆင်ပြေစေရန် ရည်ရွယ်၍ YBS 128 ခရီးသည်တင်ကားလိုင်းသစ်အား ဇွန် ၁ ရက်မှစတင်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

အဆိုပါ ခရီးသည်တင်ကားလိုင်းသစ်အား ဒဂုံတက္ကသိုလ်မှသခင်မြပန်းခြံအထိ ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဥ်စီးခနှုန်းထားမှာ ဂိတ်စ/ဂိတ်ဆုံး ၂၀၀ ကျပ်သာကျသင့်မည်ဖြစ်ပြီး YPS ကတ်စနစ်အသုံးပြု၍ ပေးချေနိုင်သည်ဟု သိရသည်။

YBS 128 ခရီးသည်တင်ကားလိုင်းသစ်၏ အ သွား/အပြန်လမ်းကြောင်းသည် ဒဂုံတက္ကသိုလ်မှစတင်ထွက်ခွာပြီး ဘုန်းကြီးကျောင်းကွေ့၊ ၇/၈ လမ်းဆုံ၊မဝတလမ်းဆုံ၊ဘေလီ၊စံပြစျေး၊အသင်းတိုက်၊လမ်းဆုံ(မြင်းပြိုင်ကွင်း)၊တာမွေအဝိုင်း၊ရွှေဂုံတိုင်၊အုတ်လမ်း၊လင့်လမ်း၊မြေနီကုန်း၊ဟယ်ပင်၊စိန်ဂျွန်း၊ဗဟိုရ်စည်မှ သခင်မြပန်းခြံအထိဖြစ် ကြောင်း သိရသည်။

“အများကြီးအဆင်ပြေသွားမယ်လို့ ပြောလို့ရတယ် ကားစီးရေဘယ်လောက်လောက်နဲ့စပြေးမလဲဆိုတာတော့ မသိဘူးပေါ့ လုံလုံလောက်လောက်ပြေးပေးရင်အကောင်းဆုံးပဲ အဓိက ကျောင်းသွားတဲ့အချိန်နဲ့ပြန်လာတဲ့အချိန်မှာကားတွေရှိနေဖို့လိုတယ်”ဟု ဒဂုံတက္ကသိုလ်၌တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသားတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here