Monday, December 2, 2024

တာဝန်ရှိသူများအယောင်ဆောင်၍ ဖုန်းနှင့်ငွေ ကြေးများခြောက်လှန့်တောင်းယူသူ(၈)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် တာဝန်ရှိသူများအယောင်ဆောင်၍ ဖုန်းနှင့်ငွေ ကြေးများခြောက်လှန့်တောင်းယူသူ(၈)ဦးကို နို ဝင်ဘာ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့်...

နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းသည့် အနာဂတ်နှင့် ကောင်းမွန်သည့်ပစ္စုပ္ပန်တည်‌ဆောက်ရာတွင်...

နစက အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုကြိုးစားတည်ဆောက်လျက်ရှိရာတွင် စာပေပညာရှင်ကြီးများ၏ အားသည်အလွန်အရေးပါကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က...

စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဥ်ကျေးမှုအဆင့်အတန်းကိုထင်ဟပ်နေသည့်အတွက် လက်ဆင့်ကမ်း...

မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာစာပေနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC(1)၌ကျင်းပသည့် (၇၅)ကြိမ်မြောက်...

ရေဘေးကယ်ဆယ်‌ရေးလုပ်ငန်းများကို အာရုံစိုက်ကြရန်အန်ဝါအမိန့်ပေး

မလေးရှားနိုင်ငံတွင် နိုဝင်ဘာ ၂၉ ရက်၌ ရေဘေးဒဏ်ကြုံရသည့် ပြည်နယ် ၉ ခုအထိ ရှိနေကာ ကီလန်တန်ပြည်နယ်သည် အဆိုးဝါးဆုံးအခြေအနေဖြစ်နေပြီး ရေကြီးရေလျှံမှုများကြောင့် နေအိမ်ကိုစွန့်ခွာရသူပေါင်း...
HomeNewsLocal NewsKNU တပ်မဟာ ၄...

KNU တပ်မဟာ ၄ ခုအတွင်းရှိ စစ်ဘေးရှောင်ရွာ သူ၊ရွာသားများအတွက် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိ

KNU တပ်မဟာ ၄ ခုအတွင်းရှိ စစ်ဘေးရှောင်ရွာ သူ၊ရွာသားများအတွက် အရေးပေါ်အကူအညီများလိုအပ်လျက်ရှိ

KNU တပ်မဟာ ၄ ခုအတွင်း၌ ဖြစ်ပွားလျက်ရှိသည့် ထိတွေ့တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ရွာသူ၊ရွာသားများမှာ အစားအသောက်၊တာလပတ်စနှင့်ဆေးဝါးပစ္စည်းအကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု KNU ဗဟိုမှသိရသည်။

နစက ၏လုံခြုံရေးအဖွဲ့ဝင်များ၊ BGF အဖွဲ့များပူးပေါင်းထားသည့် အဖွဲ့ဝင်များနှင့်ဒေသခံအဖွဲ့များဖြစ်သည့် KNLA ၊ KNDO အဖွဲ့များကြား၌ ထိတွေ့တိုက်ပွဲများနေစဥ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

KNU တပ်မဟာ(၁)သထုံခရိုင်၊တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊တပ်မဟာ(၄)ဘိတ်-ထား ဝယ်ခရိုင်နှင့်တပ်မဟာ (၅)မူတြော်ခရိုင်များရှိ စစ်ဘေးရှောင်ရွာသူ၊ရွာသားများမှာ သွားရေးလာရေးခက်ခဲသဖြင့် အကူအညီများလိုအပ်လျက်ရှိခြင်းဖြစ်သည်။

စစ်ဘေးရှောင် ရွာသူ၊ရွာသားများအတွက် မိုး တွင်းကာလသို့ရောက်ရှိလာသဖြင့် ယာယီတဲများအတွက် အမိုးအကာအခင်းများ၌ အသုံးပြုရန် တာလပတ်စများ၊အခြေခံစားသောက်ကုန်များ၊ဆေးဝါးပစ္စည်းများ အရေးပေါ်လိုအပ်လျက်ရှိခြင်းဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်ရွာသူ၊ရွာသားများနေထိုင်သည့် နေရာများသည် သွားလာရန်ခက်ခဲသဖြင့် လိုအပ်ချက်များအား အချိန်မီဖြည့်ဆည်းကူညီပေးသွားရန် အကူအညီများအလျင်အမြန်လိုအပ်လျက်ရှိကြောင်း သိရသည်။

အလားတူ တပ်မဟာ(၆)ဒူးပလာယာခရိုင်ရှိ စစ်ဘေးရှောင်ပြည်သူများမှာလည်း မိုးတွင်းကာလသို့ရောက်ရှိလာသဖြင့် အခြေခံစားသောက်ကုန်များ၊ယာယီတဲအမိုးအကာအခင်းများအတွက်တာလပတ်စများ၊ဆေးဝါးပစ္စည်းများလည်း အရေးပေါ်လိုအပ်လျက်ရှိကြောင်း သိရသည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တာဝန်ရှိသူများအယောင်ဆောင်၍ ဖုန်းနှင့်ငွေ ကြေးများခြောက်လှန့်တောင်းယူသူ(၈)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် တာဝန်ရှိသူများအယောင်ဆောင်၍ ဖုန်းနှင့်ငွေ ကြေးများခြောက်လှန့်တောင်းယူသူ(၈)ဦးကို နို ဝင်ဘာ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံ ရေးအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာ ဝန်ရှိသူများအယောင်ဆောင်၍ နေအိမ်များအ တွင်းဝင်ရောက်ကာ ဧည့်စာရင်းစစ်မည်ဟုပြော ဆိုပြီး ဖုန်းနှင့်ငွေကြေးများခြောက်လှန့်တောင်းယူမှုများရှိနေသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဇော်ဖြိုးလွင်(ခ)တာလေ(၂၈)နှစ်၊ သီဟ(၄၄)နှစ်၊ မိုး နှင်းလျှံ(ခ)ဘဦး(၃၀)နှစ်၊ မျိုးဦး(ခ)ဝေယံ(၃၁) နှစ်၊ သိန်းထိုက်အောင်(ခ)အရှည်ကြီး(၂၇)နှစ်၊ ဝင်းသက်အောင်(ခ)ဝင်းမင်းသန့်(၃၄)နှစ်၊ ခင်မောင်ထိုက်(ခ)ကုလား(၂၅)နှစ်၊ မျိုးမင်းထက် (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်းတို့နှင့်အတူ...

နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ ငြိမ်းချမ်းသည့် အနာဂတ်နှင့် ကောင်းမွန်သည့်ပစ္စုပ္ပန်တည်‌ဆောက်ရာတွင် စာပေပညာရှင်ကြီးများ၏ အားသည်အလွန်အရေးပါဟု နစက ဥက္ကဋ္ဌပြော

နစက အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများအားလုံး၏ ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်၊ ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုကြိုးစားတည်ဆောက်လျက်ရှိရာတွင် စာပေပညာရှင်ကြီးများ၏ အားသည်အလွန်အရေးပါကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC(1)၌ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " စာပေပညာရှင်ကြီးတွေရဲ့အားက အလွန်အရေးပါသလို ကောင်းကျိုးများစွာရရှိနိုင်မယ်လို့လည်းယုံကြည်ပါတယ်။ နိုင်ငံတော်အနေနဲ့ စာပေအနုပညာကဏ္ဍအသီးသီးက ပညာရှင်တွေရဲ့အနုပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာဖန်တီးပုံဖော်နိုင်ရေးကို တတ်စွမ်းသမျှ...

စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဥ်ကျေးမှုအဆင့်အတန်းကိုထင်ဟပ်နေသည့်အတွက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားကြရန် နစက ဥက္ကဋ္ဌပြော

မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာစာပေနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC(1)၌ကျင်းပသည့် (၇၅)ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ စာပေသည် လူ့အဖွဲ့အစည်း၏ အကြံအစည်၊ အပြုအမူ၊ အနေအထိုင်၊ ဓလေ့ထုံးစံ၊ ဘာသာတရား၊ ယဥ်ကျေးမှုအနုပညာအပေါင်းတို့၏အစပြုရာ၊ လူမျိုး၏ယဥ်ကျေးမှုမဏ္ဍိုင်၊ စာအုပ်မျိုးစုံ သည် လူသားတို့၏ ခေတ်ကြေးမူများဖြစ်၍ စာအုပ်စာပေသည် လူသားတို့အတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေလေ့လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ်ဝင့်ကြွားလာမည်ဟု ပြောသည်။ " စာပေဟာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071